အာဆင်နယ်တို့ အိမ်ကွင်းမှာ နိုင်ပွဲပျောက်ခဲ့ရတာပါ။

ဒီပွဲအတွက် ကွင်းလယ်ပိုင်း အားနည်းချက်တွေရှိနေတဲ့ အာဆင်နယ်ကတော့ လိုကွန်ဂါ၊ စမစ်ရိုး၊ အိုဒီဂတ် တို့နဲ့ စုံစုံလင်လင် ပွဲထွက်လာခဲ့ပြီး တိုက်စစ်အတွက် လာကာဇက်၊ မာတီနယ်လီ၊ ဆာကာတို့ ပါဝင်ခဲ့ပါတယ်။ တိုမီယာဆု မပါဝင်နိုင်တဲ့နောက်တန်းမှာ ဘန်ဝှိုက်၊ ဟိုးလ်ဒင်း၊ ဂါဘရီရယ်၊ တီယာနေးတို့ ပွဲထွက်ခဲ့ပါတယ်။



ဘန်လေကလည်း နစ်ခ်ပုပ်၊ ဘန်မီးမ်၊ တာကောစကီး၊ ပီတာစ်၊ လန်နွန်၊ ဂျေးရိုဒရီဂွက်ဇ်၊ ဗိုင်ဒရာတို့နဲ့ သူတို့ရဲ့ အတောင့်တင်းဆုံး လူစာရင်းကိုပဲ ပြင်ဆင်လာခဲ့ပါတယ်။ အာဆင်နယ်တို့ ပွဲကို သိသိသာသာ စိုးမိုးနိုင်ခဲ့ပေမယ့် ဂိုးရဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။ ဒီအသင်းက လီဗာပူးနဲ့ ကာရာဘောင်ဖလား နှစ်ကျော့အပါအဝင် နော်တင်ဟမ်ဖောရက်စ်နဲ့ FA ဖလား ပြိုင်ပွဲစုံ သုံးပွဲဆက်တိုက်မှာ ဂိုးပေါက်ပျောက်ခဲ့တာပါ။

ပထမပိုင်းမှာတော့ ဂိုးမရှိသရေ ရလဒ်သာထွက်ပေါ်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း အာဆင်နယ်တို့ ဘန်လေဘက်ကို ကွင်းတဝက်လောက်အထိ ဖိကစားခဲ့ပါတယ်။

စပါးပွဲကျပ်နေချိန်၊ ယူနိုက်တက်အနိုင်ရပြီး အဆင့် (၄) ရောက်သွားချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နောက်မကျရအောင် အာဆင်နယ်တို့ သည်းကြီးမဲကြီး ဖိကစားခဲ့ပါတယ်။

ဘန်လေကလည်း အသင်းကြီးတွေနဲ့ တွေ့ရင် သူတို့ရဲ့ ကစားနေကျပုံစံအတိုင်းပဲ ခံစစ်မှာ စုပြုံပိတ်ဆို့ခဲ့ပြီး အာဆင်နယ်တို့ နေရာလွတ်တွေ ရှာဖွေရခက်ခဲ့ပါတယ်။ ကစားရကျပ်နေတဲ့ကြားထဲကမှ လာကာဇက်၊ စမစ်ရိုးတို့ရရှိလာတဲ့ အခွင့်အရေးတွေ ဂိုးမဖြစ်ခဲ့တာကြောင့်လည်း အာဆင်နယ်တို့ နစ်နာခဲ့ရပါတယ်။

ပွဲပြီးတဲ့အထိ အာဆင်နယ်တို့ ဂိုးမရခဲ့တာကြောင့် (၄) ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့ရပြီး အမှတ်လည်းလျော့ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က