ရော်နယ်ဒိုနဲ့ဂျော်ဂျီနာတို့ရဲ့မင်္ဂလာသတင်းကို မကြာခင်ကြားရဖို့ရှိနေပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်နဲ့ မကြာခင်မှာပဲ မင်္ဂလာဆောင်တော့မယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မနေ့ကပဲ နှစ်ယောက်အတူတူ ဂျော်ဂျီနာရဲ့ အသက် (၂၈) နှစ်ပြည့် မွေးနေ့ကို ဒူဘိုင်းမှာ အသွင်သစ်၊ အမြင်သစ်နဲ့ ကျင်းပခဲ့ပါသေးတယ်။



ဂျော်ဂျီနာရဲ့ မကြာသေးခင်က ထွက်ရှိထားတဲ့ “I Am Georgina” ဆိုတဲ့ မှတ်တမ်းရုပ်ရှင်မှာ ဂျော်ဂျီနာက သူ့အနေနဲ့ ရော်နယ်ဒိုဆီက လက်ထပ်ခွင့်တောင်းခံလာခဲ့ရင် လက်ခံသွားမယ်ဆိုတာကို ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့ဂျော်ဂျီနာတို့ဟာ ချစ်သူသက်တမ်း (၅) နှစ် ကျော်လာခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်မှာလည်း ဂျော်ဂျီနာက အမြွှာကိုယ်ဝန်ကို လွယ်ထားရပါတယ်။

 ဧပြီအတွင်းမှာ ဂျော်ဂျီနာတယောက် မီးဖွားဖွယ်ရှိပြီး ဂျော်ဂျီနာရဲ့ မှတ်တမ်းရုပ်ရှင်ထဲမှာလည်း ရော်နယ်ဒိုက သူတို့လက်ထပ်ဖြစ်မယ့် အကြောင်းနဲ့ ပတ်သက်လို့ အခုလို ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုက “ကျနော် ဂျော်ဂျီနာကို အမြဲတမ်း ပြောနေကျရှိပါတယ်။ ကျနော်တို့ဘဝမှာ အရာအားလုံးပြည့်စုံသွားတဲ့အချိန်ပေါ့”

“ကျနော် ဘာကိုဆိုလိုချင်လဲဆိုတာကို သူသဘောပေါက်ပါတယ်။ ဒါက တနှစ်အတွင်း ဒါမှမဟုတ် ခြောက်လအတွင်း ဒါမှမဟုတ် တလအတွင်း ဖြစ်လာနိုင်ပါတယ်။ ဒီမင်္ဂလာပွဲဖြစ်လာမယ်ဆိုတာကိုတော့ ကျနော် တထောင်ရာခိုင်နှုန်းအပြည့် အာမခံနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ (၂၀၁၉) အတွင်း ပီယာ့စ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးတခုမှာလည်း ရော်နယ်ဒိုက သူနဲ့ဂျော်ဂျီနာတို့ မင်္ဂလာပွဲကျင်းပသွားမှာဖြစ်တဲ့အကြောင်း၊ ဒါဟာ အမေဖြစ်သူရဲ့ ဆန္ဒတခုလည်းဖြစ်တဲ့အကြောင်း ပြောကြားခဲ့ဖူးပါသေးတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က