ဘာစီလိုနာကို ပြောင်းရွှေ့မယ်လို့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာခွင့်ပေးဖို့နဲ့ အသင်းမှာ သူမကစားချင်တော့ဘူးလို့ အတိအလင်းပြောဆိုထားတဲ့ လီဝန်ဒေါစကီးက သူဟာ ဘာစီလိုနာကို ပြောင်းရွှေ့မှာဖြစ်တယ်လို့ အတည်ပြုပြောဆိုလိုက်ပါတယ်။ ပိုလန်တိုက်စစ်မှူးဟာ ဘိုင်ယန်နဲ့စာချုပ်သက်တမ်းတနှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး သူကထွက်ခွာချင်ပေမယ့် အသင်းဘက်က ခွင့်မပြုချင်ဖြစ်နေပါတယ်။

ဒါပေမယ့် ကစားသမားက သူ့အနာဂတ်ကို ရှင်းရှင်းလင်းလင်းပြောဆိုထားပြီးဖြစ်ကာ အသင်းက မဖြစ်မနေထွက်ခွာမှာဖြစ်ပါတယ်။ လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ ဒီအပြောင်းအရွှေ့ ဖြစ်ပေါ်လာဖွယ်ရာရှိနေပြီး ဘိုင်ယန်ဘက်က သူတို့ကစားသမားကို ဘယ်လိုပုံစံနဲ့ လက်လွှတ်ခံမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

"ကျနော် ဘိုင်ယန်က ထွက်ချင်တယ်၊ ဒါက သေချာပါတယ်၊ သစ္စာတရားနဲ့ လေးစားမှုတွေက စီးပွားရေးထက်ပိုအရေးကြီးပေမယ့် သူတို့က ကျနော်ပြောတာကို နားမထောင်ချင်ဘူး၊ ကျနော့်ရင်ထဲမှာ တခုခုသေဆုံးသွားပါပြီ၊ ကျနော့်ဘ၀မှာ ခံစားချက်တွေပိုရှိဖို့အတွက် အဝေးကိုသွားချင်တယ်၊ ဘာစီလိုနာကလွဲပြီး တခြားကမ်းလှမ်းမှုမျိုးကို က​ျနော်မစဉ်းစားထားပါဘူး" လို့ လီဝန်ဒေါစကီးက ပြောဆိုခဲ့ပါတယ်။ 

အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ဘိုင်ယန်အတွက် ၈ ရာသီကြာကစားပေးခဲ့ပြီး ပြိုင်ပွဲစုံ ၃၇၅ ပွဲမှာ ဂိုးပေါင်း ၃၄၄ ဂိုးအထိ သွင်းယူပေးခဲ့သူဖြစ်ပါတယ်။ ဘွန်ဒက်လီဂါရဲ့ ရွှေဖိနပ်ဆုကိုလည်း အကြိမ်ကြိမ်ဆွတ်ခူးနိုင်ခဲ့ပြီး အဆိုပါကာလတွေအတွင်း အမှတ်ပေးဖလားကို နှစ်တိုင်းဆွတ်ခူးနိုင်ခဲ့ကာ ချန်ပီယံလိဂ်ဖလားကိုလည်းကိုင်မြှောက်နိုင်ခဲ့ပါတယ်။ 

Share

က္က