လီဗာပူးကို အက်ဖ်အေဖလားကနေ ဖြုတ်ချခဲ့တာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်က သူ့အသင်းအနေနဲ့ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိကြောင်း ကြုံးဝါးပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ မနေ့ညက လီဗာပူးနဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ အချိန်ပိုအထိ ကစားပြီးနောက် ၄-၃ ဂိုးနဲ့ အနိုင်ရရှိကာ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။



ဒီပွဲအပြီးမှာ တန်ဟက်ခ်က “ဒီနိုင်ပွဲက ကျွန်တော်တို့အတွက် အလှည့်အပြောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခွင့်အရေးအများအပြားကိုလည်း လွဲချော်ခဲ့ပါတယ်။ ဒီရာသီရဲ့ လေးပွဲမြောက်အဖြစ် အာဆင်နယ်နဲ့ပွဲ (၈၇) မိနစ်မှာလည်း ကျွန်တော်တို့ ပင်နယ်တီရခဲ့သင့်ပါတယ်။ ပြီးတော့ ဂါနာချိုလည်း ဂိုးသွင်းခဲ့ပေမယ့် ပယ်ဖျက်ခံခဲ့ရပါတယ်”
“အဲ့ဒီနောက်မှာတော့ မခွင့်ပြုသင့်တဲ့ ဂိုးတစ်ဂိုးကို ကျွန်တော်တို့ ပေးလိုက်ရပါတယ်။ အသင်းတိုင်းက ရာသီတစ်ခုမှာ ဒီလိုအခိုက်အတန့်မျိုးတွေကို လိုအပ်ခဲ့ပေမယ့် ကျွန်တာ်တို့က တစ်ခုတောင် မရခဲ့ပါဘူး။ အဲ့ဒါကြောင့် အခု ဒီပွဲက အသင်းကို ခွန်အားနဲ့ ယုံကြည်မှုကို ပေးစွမ်းနိုင်ပြီး ဒါတွေက အံ့အားသင့်ဖွယ်အရာတွေကို လုပ်ပြနိုင်စေပါတယ်”
“ခင်ဗျားအနေနဲ့ လီဗာပူးလိုအသင်းမျိုးကို အနိုင်ယူနိုင်တာက ဘယ်လိုပြိုင်ဘက်မျိုးကိုမဆို အနိုင်ယူနိုင်တာပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီကလည်း အက်ဖ်အေဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာတော့ မြို့ခံပြိုင်ဘက် မန်စီးတီးကို ရှုံးနိမ့်ကာ ဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။
ဒီရာသီမှာ ယူနိုက်တက်က ချန်ပီယံလိဂ်၊ ကာရာဘောင်ဖလားပြိုင်ပွဲတို့ကနေ စောစောစီးစီး ထွက်ခွာခဲ့ရပြီး ပရီးမီးယားလိဂ်မှာလည်း ချန်ပီ​ယံလိဂ်ဝင်ခွင့်အတွက်တောင် ရုန်းကန်နေရပါတယ်။ အဲ့ဒါကြောင့်လည်း အက်ဖ်အေဖလားက သူတို့အတွက် ဒီရာသီမှာ အမျှော်လင့်နိုင်ဆုံးသော တစ်ခုတည်းသော ဆုဖလားအဖြစ် ရှိနေပါတယ်။

Share

Loading Next Article...
က္က