ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ PSG နဲ့ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့ခဲ့တာပါ။

ယူနိုက်တက်တိုက်စစ်မှူး ကာဗာနီကတော့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်မှာ ထိပ်တိုက်တွေ့မယ့် အသင်းတွေအနေနဲ့ ယူနိုက်တက် အကြောင်း သိစေရမယ်လို့ ကြုံးဝါးလိုက်ပါတယ်။



ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် မဲခွဲပွဲတွေကို ကျင်းပပြီးစီးခဲ့ပြီး ပရိသတ်တွေအားလုံး စိတ်ဝင်စားမယ့် ပွဲစဥ်အဖြစ် PSG နဲ့ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့ဆုံခဲ့တာပါ။

ရော်နယ်ဒိုနဲ့မက်ဆီ ထိပ်တိုက်တွေ့ဆုံမှုနဲ့အတူ ဒီပွဲစဥ်က ရေချိန်အမြင့်ဆုံးဖြစ်လာဖို့ရှိပြီး ကာဗာနီကလည်း အခုလိုပဲ ပြောကြားခဲ့ပါတယ်။

ကာဗာနီက “ချန်ပီယံလိဂ်မှာ ဘယ်အသင်းနဲ့ တွေ့ပါစေဦး၊ အဓိကအရေးပါတဲ့အချက်က ကျနော်တို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေဖို့နဲ့ ယူနိုက်တက်ဆိုတဲ့အသင်းကြီးက ဘယ်လောက်တောင် တောင့်တင်း၊ သန်မာတဲ့အသင်းလဲဆိုတာကို ပြသနိုင်ဖို့ပါပဲ။ ယူနိုက်တက်ရဲ့ ကိုယ်ပိုင်ပုံစံကို ကျနော်တို့ ကွင်းတွင်းမှာ ပြသဖို့ပဲ အရေးကြီးပါတယ်” လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

PSG နဲ့ ယူနိုက်တက်တို့ဟာ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်မှာ ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပြီး အဲ့ဒီအချိန်က ပထမအကျော့မှာ PSG က အိုးထရက်ဖို့ဒ်မှာ ၀-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် ဒုတိယအကျော့ ပဲရစ်မြို့မှာ ယူနိုက်တက်က ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် အဝေးဂိုးစည်းမျဥ်းနဲ့ ကွာတားအဆင့်ကို တက်ရောက်ခဲ့တာပါ။

အဲ့ဒီပွဲဟာ ယူနိုက်တက်ကို ဆိုးလ်ရှားနဲ့ အမြဲတမ်းနည်းပြအဖြစ် စာချုပ်ချုပ်စေခဲ့တဲ့ပွဲဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ဆိုးလ်ရှားနေရာမှာ ရန်းနစ်ဂ်က ရောက်ရှိလာခဲ့ပြီး ဒီတခါမှာရော ဘယ်လိုရလဒ်တွေ ထွက်လာဦးမလဲစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ 

Share

က္က