စျေးတန်ပြီး အရသာရှိလှတဲ့ထောပတ်ဘိန်းမုန့် ကောင်းကောင်းလေး စားချင်တယ်ဆိုရင် သာကေတ၊ ခိုင်ရွှေဝါ လမ်းထိပ်က ဘိန်းမုန့်ဆိုင်လေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ 

ဘိန်းမုန့် ဆိုင်လေးကတော့ သက်တမ်း ၂၇နှစ်ရှိပြီ ဖြစ်ပြီး ခိုင်ရွှေဝါ လမ်းထိပ်မှာ တစ်ဆိုင်နဲ့ ခိုင်ရွှေဝါလမ်းထဲ မှာ တစ်ဆိုင်စုစုပေါင်း နှစ်ဆိုင်ဖွင့်လှစ်ထားပါတယ်။ 

၁၉၉၄ခုနှစ်မှာ စတင်ရောင်းချခဲတဲ့ ထောပတ်ဘိန်းမုန့် 

ခိုင်ရွှေဝါ လမ်းထိပ်ဘိန်းမုန့် ဆိုင်လေးကိုတော့ ၁၉၉၄ခုနှစ်မှာစတင်ရောင်းချခဲ့တာဖြစ်ပြီး ဆိုင်ရှင် ဒေါ် တင်တင်အေးတို့ ဇနီးမောင်နှံဟာ အ ခြေအနေ အကြောင်းအမျိုးမျိုးကြောင့်ဝန်ထမ်းဘဝကို စွန့်လွှတ်ခဲ့ရပြီး ဘဝအသစ် တစ်ခု စတင် တဲ့အ နေနဲ့ ဘိန်းမုန့်ဆိုင် လေး ကို ဖွင့်လှစ်ခဲ့တာပဲ ဖြစ်ပါတယ်။ 

" ဝန်ထမ်းဘဝ အလုပ်ပြုတ်သွား တော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ က လေးတွေက လည်း ပညာသင် အရွယ်ကောင်းတွေ ဆိုတော့ အိမ်ရဲ့ စီးပွားရေးအတွက်ဘိန်းမုန့်ရောင်း ခဲ့ရတာ။ ဘိန်းမုန့် ရောင်းဖို့ အကြံပေးခဲ့တဲ့ ဆရာကလည်း ဘိန်းမုန့် ရောင်းပါ။ နည်းလည်းပေးတယ်။ ကိုယ်က သေချာသင် ပြီး ကြိုးစားလိုက်တာ ဒီအ ခြေ အ နေထိ ရောက်သွားခဲ့တာပဲ " လို့ ဆိုင်ရှင် ဒေါ်တင်တင်အေးက ဘိန်းမုန့်ဆိုင်လေး ဖြစ်ပေါ် ခဲ့တဲ့ အ ကြောင်းအရင်းကို ပြောပြခဲ့ပါတယ်။ 

သက်တမ်းတစ်ခုထိ အောင်မြင်နေရတာက..

ဆိုင်သက်တမ်းက တော့ အခုဆိုရင် ၂၇နှစ်ထဲကို ရောက်ရှိနေခဲ့ပြီ ပဲဖြစ်ပါတယ်။ သက်တမ်းတစ်ခုရောက်တဲ့အ ထိ အောင် မြင်နေရတဲ့ အကြောင်းအရင်း တွေကလည်းရှိနေခဲ့ပါတယ်။ "စစ ရောင်းတုန်းကနေ အခုချိန်ထိ ပေးရတဲ့ စျေးနဲ့ တန် အောင် အရသာကို သေချာ ဂရုစိုက်တယ်။ အဓိကက တော့ ကုန်ကြမ်းပစ္စည်းကို ကောင်းကောင်းသုံးတာပါ။ စျေးတွေက တော့ တက်တာပေ့ါ။ ဒါပေမယ့်လည်း အတတ်နိုင်ဆုံး စျေးမတင်ဘဲ စေတနာမေတ္တာတွေ ကြောင့် ကုန်ကြမ်းအကောင်းဆုံး ကို ရှာသုံးခဲ့တယ် " လို့ ဆိုပါတယ်။ ဒါကြောင့်လည်း စားသုံးသူတွေ မပျက် ရှိနေခဲ့ပြီး သာကေ တခိုင်ရွှေဝါ အနီးတဝိုက်မှာနေတဲ့ သူတွေ တော်တော် များများ ခိုင်ရွှေဝါလမ်းထိပ် ဘိန်းမုန့် ဆိုင်လေးကို သိနေကြတာပဲ ဖြစ်ပါတယ်။ 

ငွေကျပ် ၆ဝဝကျပ်သာရှိတဲ့ ဘိန်းမုန့် အကြွပ် နဲ့ အပျော့ 

ဘိန်းမုန့် ကို အကြွပ် မှ ကြိုက်တဲ့သူတွေ အတွက် အကြွပ် တစ်ချပ်ကို ၆၀၀၊ အ ပျော့မှ ကြိုက်တဲ့ သူတွေ အတွက် အ ပျော့တစ်ချပ်ကို ၆၀၀ ဆိုပြီး ရောင်းချ နေတာပဲဖြစ်ပါတယ်။ ထောပတ်နံ့ သင်းသင်းလေးနဲ့ အရသာ ရှိပြီး မွှေးကြိုင်လှတဲ့ ထောပတ် ဘိန်းမုန့် လေးတွေကို လည်း အတတ်နိုင်ဆုံး စျေးမတင်ဘဲ ရောင်းနေတာလို့လည်း ဆိုင်ရှင် ဒေါ် တင်တင်အေးရဲ့ သားဖြစ်သူ မောင်ဖိုးလပြည့်ကပူပြင်းလှတဲ့ မီးအပူဒဏ်ကို အံတုရင်း အပြုံးမပျက် ဖြေကြားပေးခဲ့ပါသေးတယ်

" ကျွန်တော်က အ မေနဲ့ အ ဖေတို့ရဲ့ စီးပွားရေးကိုလက်လွှဲယူပြီး ရောင်းနေတာ ၁၅နှစ် တောင် ရှိပါပြီ။ ကျွန်တော်တို့ အတတ်နိုင်ဆုံး စျေးမတင်ဘဲ ရောင်းချ ပေးနေတာပါ။ စားသုံးသူတွေ အ ပေါ် ထားတဲ့ စေတနာ မေတ္တာက အဓိက ပေါ့။ စျေးလုံးဝ မတင်တာမျိုးတော့ မဟုတ်ပါဘူး။ အခုလိို အ ခြေ အ နေမှာ အရင်က ၅၀၀ ၊ အခု ၆၀၀ ရောင်းတယ်။ ၁၀၀ တော့ စျေးတက်သွားတာပေါ့လေ " ဆိုပြီး ပြောပြခဲ့ပါတယ်။ 

ဆိုင်ခွဲဖွင့်နိုင်ခဲ့တဲ့အခြေအနေ

ဆိုင်တစ်ဆိုင်က နေ အခုဆိုရင် နှစ်ဆိုင်ဖြစ် တဲ့အထိ တိုးချဲ့ နိုင်ခဲ့ပါပြီ။ အိမ်ရှေ့မှာ တစ်ဆိုင်နဲ့ လမ်းထိပ်မှာ တစ်ဆိုင်ပါ။ လမ်းထိပ်က ဆိုင်ကတော့ နေ့လည်ခင်းဆို ရောင်းနေပြီဖြစ်ပြီး ညနေခင်းမှာဆိုရင်တော့ အိမ်ရှေ့က ဆိုင်လေး က ဖွင့်နေပါပြီ။ ဆိုင်ရှင် ဒေါ်တင်တင်အေး က တော့ သားနဲ့ သမီးကို တစ်ဆိုင်စီ မိသားစု အမွေ ပေးခဲ့နိုင်ပါပြီ။

 " ကိုယ်က ပေးလိုက်ပေမယ့် ဒီလို အလုပ်မျိုးဆိုတာက တော့ သူတို့ကိုယ်တိုင် လုပ်ချင်တဲ့စိတ် ရှိမှသာ ဖြစ်တာလေ။လုပ်ချင်တဲ့ စိတ် မရှိရင် တော့ ပျက်သုန်းသွားမှာပေါ့။ အခုထိတော့ ဆိုင်လေး က စားသုံးသူတွေ အားပေးမှုနဲ့ ဒီအချိန်အထိ ရပ်တည်လာနိုင်ပါပြီ " လို့ ပီတိတွေ နဲ့ ပြောပြခဲ့ပါတယ်။ 

ထောပတ် ဘိန်းမုန့် ကောင်းကောင်းလေးကို စားသုံးချင်သူတွေ အနေနဲ့တစ်ချပ်မှ ၆၀၀ ကျပ်သာ ရှိပြီး ဘိန်းမုန့် အကြွပ်နဲ့ အ ပျော့နှစ်မျိုးကို ဝယ်ယူအားပေးချင်တယ်ဆိုရင် တော့ သာကေတ ခိုင်ရွှေဝါ လမ်းထိပ်မှာ နေ့လည် ၁နာရီက စပြီးလာရောက်ဝယ်ယူကြဖို့ လက်တို့လိုက်ပါရစေ..



Share

Loading Next Article...
က္က