နာပိုလီနဲ့ပွဲမှာ အပိုင်အခွင့်အရေးတွေကို ဖြုန်းတီးခဲ့သူပါ။

နာပိုလီနဲ့ တဂိုးစီသရေကျခဲ့တဲ့ ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပထမအကျော့မှာ ဘာစီလိုနာအတွက် ဖာရန်းတောရက်စ်တယောက် ဆိုးဆိုးရွားရွားကို လွဲချော်ခဲ့ပါတယ်။ စပိန်ကစားသမားဟာ အသင်းအတွက် ချေပဂိုးကို ပင်နယ်တီကတဆင့် သွင်းယူပေးနိုင်ခဲ့ပေမယ့် အဆိုပါဂိုးမတိုင်ခင် အပိုင်အခွင့်အရေးအများအပြားကို လွဲချော်ခဲ့ပြီး ပရိသတ်တွေကို စိတ်ပျက်လက်ပျက်ဖြစ်စေခဲ့ပါတယ်။ 

ဒီလွဲချော်မှုတွေကြောင့် တောရက်စ်ကိုယ်တိုင်လည်း ပွဲအပြီးမှာ မျက်ရည်ကျငိုကြွေးခဲ့ရတဲ့အထိဖြစ်ခဲ့ရပါတယ်။ ကံကောင်းခဲ့တာကတော့ အသင်းပင်နယ်တီရရှိခဲ့ပြီး ဝင်အောင်ကန်သွင်းယူပေးနိုင်ခဲ့လို့ သာ သူ့အမှားတွေကို ဖာထေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေကတော့ အလွဲကြီးလွဲနေတဲ့ ဖာရန်းတောရက်စ်တယောက် အသင်းဂျာစီမှာပါ လွဲချော်နေတာကို သတိထားမိခဲ့ကြပါတယ်။ 

ပွဲချိန်ဒုတိယပိုင်းမှာ သူ ဝတ်ဆင်ကစားခဲ့တဲ့ ဂျာစီဟာ အသင်းအမှတ်တံဆိပ် (ဒါမှမဟုတ်) Nike အမှတ်တံဆိပ်မပါဝင်ခဲ့တာဖြစ်ပြီး ရင်ဘတ်စပွန်ဆာပေးထားတဲ့ Rakutan သာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ လွဲချော်လွန်းအားကြီးလို့ စိတ်ပျက်နေခဲ့တဲ့ ဖာရန်းတောရက်စ်ကိုယ်တိုင်လည်း သူ့ဂျာစီမှာ အသင်းလိုဂိုမပါတာကို သတိမထားမိခဲ့ဘဲဖြစ်နေခဲ့ပြီး ဒီတိုင်းကြီးကစားနေခဲ့တာဖြစ်ပါတယ်။ 


လာမယ့်ပွဲတွေမှာတော့ အသင်းဝတ်စုံပြင်ဆင်ပေးရသူတွေအတွက် ၂ခါပြန်စစ်ဆေးဖို့တော့ လိုအပ်နေပြီဖြစ်ပါတယ်။ တောရက်စ်ဟာ ညကပွဲစဉ်မှာ ဂိုးကန်သွင်းခွင့် ၇ ကြိမ်အထိရရှိခဲ့ပေမယ့် ၇ ကြိမ်စလုံးလွဲချော်ခဲ့ပြီး ပင်နယ်တီမှသာ ဂိုးပေါက်တည့်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုအကြိမ်ပေါင်း ၂၀ အထိ ဆုံးရှုံးခဲ့သလို လိမ်ခေါက်မှု ၄ ကြိမ်မှာလည်း ၁ ကြိမ်တည်းသာအောင်မြင်ခဲ့ပါတယ်။ 

Share

က္က