ဘယ်လင်ဟမ်ရဲ့ ခြေစွမ်းကို ချီးကျူးသွားခဲ့တာပါ။

ဘာစီလိုနာအသင်းရဲ့ ဒိန်းမတ်နောက်ခံလူ ခရစ္စတီယန်ဆန်ကတော့ ရီးရဲလ်မက်ဒရစ်အတွက် ဘယ်လင်ဟမ် ခြေစွမ်းပြကစားနေတာကို ကြည့်ပြီး စိတ်ဒုက္ခရောက်နေရတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဘယ်လင်ဟမ်ဟာ ဒီရာသီကမှ ရီးရဲလ်ကို ပေါင် ၁၀၃သန်းနဲ့ ဒေါ့မွန်ကနေ ပြောင်းရွှေ့လာပြီး ပထမဆုံး ၁၀ ပွဲမှာပဲ ၁၀ ဂိုးအထိသွင်းယူကာ ခြေစွမ်းပြနေသူဖြစ်ပါတယ်။ 

ဖန်တီးမှု ၃ ကြိမ်လည်း ပြုလုပ်ပေးထားပြီး သူ့ရဲ့ ခြေစွမ်းပြမှုက အားလုံးကို အံ့အားသင့်စေခဲ့ရပါတယ်။ ဘန်ဇီမာထွက်ခွာသွားပြီးနောက် တိုက်စစ်ပိုင်းအတွက် ဟိုဆေးလူတဦးတည်းကိုသာ ခေါ်ယူထားခဲ့တဲ့ ရီးရဲလ်အတွက်တော့ ဘယ်လင်ဟမ်က ကွင်းလယ်ကစားသမားတဦးအနေနဲ့ တိုက်စစ်ပိုင်းမှာ အကောင်းဆုံးကူညီပေးနိုင်နေခဲ့တာဖြစ်ပါတယ်။ 

ခရစ္စတီယန်ဆန်က "ရလဒ်တွေကို ထိုင်ကြည့်နေတဲ့အချိန်မှာ ဒါက တော်တော်လေးကို စိတ်ဒုက္ခဖြစ်ရပါတယ်၊ နောက်ဆုံးကျရင် သူပဲ ဂိုးတွေသွင်းနေတော့တာ၊ အခုဆို ဘယ်နှစ်ပွဲတောင်မှ ရှိနေပြီလဲတောင် မသိတော့ဘူး၊ သူက ဒီလိဂ်မှာ မုန်တိုင်းတခုလိုမျိုးနဲ့ သိမ်းပိုက်ခဲ့တယ်၊ ရီးရဲလ်မက်ဒရစ်က တကယ်ကောင်းတဲ့ ကစားသမားကို ခေါ်ယူနိုင်ခဲ့တာပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

ဘာကာကစားသမားတဦးအနေနဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားတဦးက ခြေစွမ်းပြသနေတာကို မြင်တွေ့ရတာက အမှန်တကယ်လည်း စိတ်ရှုပ်စရာကောင်းနေခဲ့တာပါ။ ရီးရဲလ်တို့ ရှုံးတော့မယ်လို့ ထင်မှတ်ရတဲ့အချိန်၊ သရေနဲ့ ပွဲပြီးဆုံးမယ်လို့ ယူဆရတဲ့အချိန်တွေတိုင်းမှာ ဘယ်လင်ဟမ်က ဂိုးတွေသွင်းယူပေးကာ အသင်းကို ရမှတ်တွေ ပိုင်ဆိုင်အောင် လုပ်ပေးနေခဲ့တာမို့ လိဂ်ပြိုင်ဘက်အသင်းအတွက် ဒါက စိတ်ပျက်စရာကောင်းနေခဲ့မှာတော့ သေချာပါတယ်။ 

Share

Loading Next Article...
က္က