ဟယ်ရီကိန်း ပင်နယ်တီမကန်ခင် နှောင့်ယှက်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ကတော့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ပါတယ်။ ဒီပွဲက အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ပရိသတ်တွေအတွက် ကြည့်ကောင်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့တာပါ။



ပထမပိုင်းမှာ ဗီနီရှပ်စ်က ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဆာနေးက ချေပဂိုး၊ ဟယ်ရီကိန်းက ပင်နယ်တီကတစ်ဆင့် ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ဗီနီရှပ်စ်က ပင်နယ်တီကတစ်ဆင့် နောက်ကျပင်နယ်တီသွင်းယူခဲ့တာကြောင့် တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့တာပါ။


ဟယ်ရီကိန်း ပင်နယ်တီကန်ဖို့ ပြင်ဆင်နေချိန်မှာတော့ ဘယ်လင်ဟမ်က သူ့ရဲ့ လက်ရွေးစင် အသင်းခေါင်းဆောင်ကို နှောင့်ယှက်ခဲ့ပါသေးတယ်။ ဘယ်လင်ဟမ်က ဟယ်ရီကိန်းရဲ့နားကို ကပ်ပြီး တစ်စုံတစ်ခု ပြောဆိုခဲ့တာပါ။

ဒါပေမယ့် သူဘာပြောခဲ့လဲဆိုတာကို ပရိသတ်တွေလည်း မသိနိုင်သလို ဟယ်ရီကိန်းကိုယ်တိုင်တောင်မှ မသိဘူးလို့ ပြောခဲ့ပါတယ်။ ဟယ်ရီကိန်းကလည်း ဒီပင်နယ်တီကို ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ ဟယ်ရီကိန်းက “ဘယ်လင်ဟမ် ဘာတွေပြောခဲ့မှန်း ကျွန်တော် မသိဘူးဗျ။ ဒါပေမယ့် သူ တစ်ခုခုကို ပွစိပွစိပြောနေတာတော့ မြင်လိုက်ပါတယ်”

“သူ တကယ် ဘာပြောခဲ့လဲဆိုတာကို ကျွန်တော် ပြန်မေးဦးမှာပါ။ ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်မှာ ကျွန်တော်က ပင်နယ်တီဧရိယာထဲမှာ ရောက်နေတာ၊ အရာအားလုံးကိုလည်း မေ့ထားတာ။ ဒါပေမယ့် ဘယ်လင်ဟမ်က ကျွန်တော့်ကို တစ်ခုခုပြောပြီး တွန်းဖို့ ကြိုးစားခဲ့တာ သေချာပါတယ်။ ဒါပေမယ့် ကျေးဇူးတင်ဖို့ကောင်းစွာနဲ့ပဲ ကျွန်တော့်အတွက် အဆင်ပြေခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က