အကောင်းမြင်ကြဖို့အတွက် တိုက်တွန်းလိုက်တာပါ။

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီကရူးစ်က ဟာဇက်ရဲ့ အပြောင်းအရွှေ့၊ ပြောင်းရွှေ့ကြေးနဲ့ ဒီကစားသမားရဲ့ ကျဆင်းမှုတွေကို ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဟာဇက်ဟာ ချဲလ်ဆီးကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) နဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပြီး ဂန္တဝင်နံပါတ် (၇) ကိုပါ ဝတ်ဆင်ခွင့်ရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ဟာဇက်အတွက် ပေးချေခဲ့ရတဲ့ပြောင်းရွှေ့ကြေးနဲ့ လစာငွေတွေက ရီးရဲလ်မက်ဒရစ်အတွက် အရှံးပေါ်ခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။ အခုချိန်မှာတော့ ဟာဇက်က ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲလိုက်ပြီဖြစ်ပြီး အသင်းလက်မဲ့ဖြစ်နေကာ ကစားသမားဘဝကနေ အနားယူဖို့အထိပါ စဥ်းစားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

လက်ရှိမှာ ရီးရဲလ်မက်ဒရစ်တို့ ဒေါ့မွန် ကွင်းလယ်လူ ဘယ်လင်ဟမ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) ကျော်ဝန်းကျင်နဲ့ ခေါ်ယူနိုင်မှာဖြစ်ပြီး အသက် (၁၉) နှစ်အရွယ် ဘယ်လင်ဟမ်အတွက် ပြောင်းရွှေ့ကြေးက များပြားလွန်းတယ်လို့ ပရိသတ်အချို့က ဝေဖန်နေပါတယ်။ ဒါတွေကိုတော့ ကရူးစ်က ချက်ကျလက်ကျန် ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

ကရူးစ်က “အသင်းကို ငွေကြေးအများကြီးနဲ့ ရောက်လာခဲ့တဲ့ ကစားသမားတစ်ယောက် ရှိပေမယ့် သူ့ရဲ့ ကစားသမားဘဝကတော့ သေဆုံးသွားခဲ့ပါတယ်။ တကယ်ကို များပြားတဲ့ ငွေပမာဏနော်။ လူတိုင်းကတော့ ဘယ်လင်ဟမ်ကိုခေါ်တာက မအောင်မြင်တဲ့ အပြောင်းအရွှေ့ဖြစ်လာမယ်လို့ ပြောကြမယ် ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အပြုသဘောဆောင်ဆောင်နဲ့ စောင့်ကြည့်ကြတာပေါ့” လို့ ဆိုပါတယ်။

ဟိုအရင်လည်း တိုနီခရူးစ်က “ဟာဇက်က ဆိုးရွားတဲ့ဘဝကို ရရှိခဲ့တယ်လို့ ကျွန်တော် မထင်ပါဘူး။ လူအချို့ဆိုရင် သူ့ထက်တောင်ပိုပြီး သနားဖို့ကောင်းပါတယ်။ ဒါက ငွေကြေးသက်သက်ပဲ မဟုတ်ပါဘူး။ ဘောလုံးလောကမှာ ဘယ်သူ့မဆို ကျွန်တော် သနားကရုဏာတင်နေမှာ မဟုတ်ပါဘူး” လို့လည်း ပြောကြားခဲ့ဖူးပါတယ်။ ကရူးစ်ကလည်း ဒီနွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပေမယ့် နောက်ထပ် (၁) နှစ် အသင်းမှာ ဆက်ရှိနေဖို့ သဘောတူညီမှုရရှိထားပြီး ရီးရဲလ်မက်ဒရစ်မှာပဲ ကစားသမားဘဝကို အဆုံးသတ်သွားဖို့ ပြင်ဆင်ထားပါတယ်။

Share

Loading Next Article...
က္က