ပုံမှန်ကစားခွင့်မရလို့ စိတ်ပျက်နေကြတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ ဝါရင့်ကွင်းလယ်လူနှစ်ဦးဖြစ်တဲ့ တိုနီခရူးစ်နဲ့ လူကာမိုဒရစ်တို့ဟာ အသင်းမှာ ပုံမှန်ကစားခွင့်မရတဲ့အပေါ် စိတ်တိုင်းမကျဖြစ်နေပြီး နည်းပြအန်ဆယ်လော့တီနဲ့ စကားပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။ ဒီရာသီမှာ ဘယ်လင်ဟမ်ရောက်လာပြီးနောက် ဝါရင့်ကွင်းလယ်လူကြီးနှစ်ဦးက အကန့်အသတ်နဲ့သာ ပွဲထွက်ကစားနေရတာပါ။ 

ဒါပေမယ့် နှစ်ဦးစလုံးကတော့ သူတို့ကစားခွင့်ရချိန်တိုင်းမှာ အကောင်းဆုံးကစားနိုင်တယ်လို့ ယုံကြည်နေပြီး မှတ်တမ်းအချက်အလက်တွေကလည်း ဒါကို ဖော်ပြနေခဲ့ပါတယ်။ တဖက်မှာလည်း ဘယ်လင်ဟမ်က ထူးရှယ်ခြေစွမ်းပြသနေပြီး အသင်းကွင်းလယ်ပိုင်းမှာ သူ့ကို ပစ်ပယ်ထားလို့မရအောင်ကို ဖြစ်နေပါတယ်။ 

အန်ဆယ်လော့တီက သူ့ကွင်းလယ်ပိုင်းမှာ ချူဝါမန်နီနဲ့ ဘယ်လင်ဟမ်ကို အမာခံထားကစားပြီး ဗယ်လ်ဗာဒီ၊ မိုဒရစ်နဲ့ ခရူးစ်တို့ကို အလျဉ်းသင့်သလို အသုံးပြုနေတာဖြစ်ပါတယ်။ ကာမာဗင်ဂါကလည်း ကွင်းလယ်မှာ ကစားနိုင်သူဖြစ်လို့် အန်ဆယ်လော့တီအတွက် ကွင်းလယ်ပိုင်းမှာ ရွေးချယ်စရာများပြားနေပေမယ့် ကစားသမားတွေကတော့ ပွဲထွက်ခွင့်ရဖို့ အပြိုင်ဖြစ်နေပါတယ်။ 

ဘယ်လင်ဟမ်က ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိလာခဲ့ကတည်းက တောက်လျှောက်ခြေစွမ်းပြနေတာပါ။ လက်ရှိမှာလည်း ၆ ပွဲကစားပြီးချိန် ၆ ဂိုးသွင်းယူထားကာ အသင်းရလဒ်တွေကိုပါ အဆုံးအဖြတ်အဖြစ် ပေးနိုင်သူအဖြစ် ရှိနေပြီး မိုဒရစ်နဲ့ တိုနီခရူးစ်တို့ကို ကျော်လွန်ကာ ပွဲထွက်ခွင့်ရနေတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က