ယူနိုက်တက်ဂန္တဝင်ကစားသမားဟောင်းကြီး ရွိုင်ကိန်းက ဆန်းဒါးလန်းမှာ ကစားနေတဲ့ ကွင်းလယ်လူ ဂျိုဘီဘယ်လင်ဟမ်ကို ချီးကျူးစကား ပြောကြားခဲ့ပါတယ်။ အဆိုပါ ကစားသမားဟာ ရီးရဲလ်မက်ဒရစ်မှာ ကစားနေတဲ့ ဂျုဒ်ဘယ်လင်ဟမ်ရဲ့ ညီတော်စပ်သူလည်း ဖြစ်ပါတယ်။
ဘယ်လင်ဟမ်ရဲ့ညီလည်းဖြစ်တာကြောင့် မီဒီယာတွေရဲ့ အာရုံစိုက်ခြင်းကို ခံနေရတဲ့ ဒီကစားသမားလေးဟာ သူ့ရဲ့ ခြေစွမ်းကြောင့်လည်း ဒီနောက်ပိုင်းမှာ တဖြည်းဖြည်း ထင်ပေါ်လာခဲ့ပါတယ်။ ဥရောပထိပ်တန်းအသင်းကြီးတွေကလည်း ဒီကစားသမားလေးကို စောင့်ကြည့်နေကြပါပြီ။
ရွိုင်ကိန်းကလည်း “ဒီကလေးအတွက် အခွင့်အရေးတွေရှိနေပါတယ်။ ပြဿနာက ကျွန်တော်တို့အားလုံး သူ့ကို ဖိအားတွေဝိုင်းပေးနေသလိုမျိုး ဖြစ်နေတာပါပဲ။ သူက ကစားရတာ ဘယ်တုန်းကမှ မလွယ်ကူတဲ့ လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ အပတ်စဉ် အပတ်တိုင်း ပွဲကစားနေရတာပါ”
“အသင်းနည်းပြနဲ့ သူနဲ့ကလည်း ဆက်ဆံရေးကောင်းတွေရှိထားပြီး ဒါက သူ့ကို အသင်းမှာ အထိုင်ကျဖို့ အကူအညီပေးပါလိမ့်မယ်။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကလည်း ကြီးကျယ်ခမ်းနားပါတယ်။ နယူးကာဆယ်လို အသင်းမျိုးနဲ့ ရင်ဆိုင်ခွင့်ရတာကလည်း သူ့အတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ခုပါ”