မနေ့ညက ကစားခဲ့တဲ့ ဘာစီလိုနာနဲ့ ရိးရဲလ်မက်ဒရစ်တို့ရဲ့ အယ်ကလက်စီကိုပွဲမှာ ရီးရဲလ်မက်ဒရစ်က ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲရဲ့ ပထမဆုံးသွင်းဂိုးကို ဘာစီလိုနာကွင်းလယ်လူ ဂွန်ဒိုဂန်က ပထမပိုင်း ပွဲကစားချိန်အစောပိုင်းမိနစ်မှာတင် သွင်းယူပေးခဲ့တာပါ။
ဒါပေမယ့် ဘယ်လင်ဟမ်ရဲ့ လှပတဲ့ ချေပဂိုး၊ နောက်ကျသွင်းဂိုးတွေကြောင့် ရီးရဲလ်မက်ဒရစ်တို့ ဘာစီလိုနာကို အဝေးကွင်းမှာ ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုး နှစ်ဂိုးစလုံး သွင်းယူပေးခဲ့တဲ့ ဘယ်လင်ဟမ်ကတော့ သူရဲကောင်းဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ဘယ်လင်ဟမ်ရဲ့ ချေပဂိုးက တော်တော်လေး လှပခဲ့ပြီး ပရိသတ်တွေအကြားမှာ ပြောစရာဖြစ်ခဲ့ပါတယ်။ အရန်ခုံတန်းမှာရှိတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေကလည်း ဘယ်လင်ဟမ်ရဲ့ သွင်းဂိုးအတွက် အားရပါးရ အောင်ပွဲခံခဲ့ပါတယ်။
ဒါပေမယ့်လည်း အရန်ခုံတန်းပေါ်ထိုင်နေတဲ့ တိုနီကရူးစ်ရဲ့ တုံ့ပြန်မှုကတော့ ပရိသတ်တွေအကြား ရေပန်းစားနေခဲ့ပါတယ်။ တိုနီကရူးစ်ဟာ ဘယ်လင်ဟမ် ဂိုးသွင်းသွားတာကိုတောင် စိတ်ထဲမှာ ဂရုစိုက်ဟန် မရှိဘဲ အေးရာအေးကြောင်း ထိုင်နေခဲ့တာပါ။
အသင်းဖော်တွေ အောင်ပွဲခံပြီးနောက်မှသာ ကရူးစ်က ဝတ်ကျေတန်းကျေပုံစံမျိုးနဲ့ လက်ခုပ်တီး ဂုဏ်ပြုခဲ့တာဖြစ်ပြီး ဒါက ပရိသတ်တွေအကြားမှာ တော်တော်လေး ရေပန်းစားနေပါတယ်။ ကရူးစ်တစ်ယောက် ဒီလိုမျိုး အေးတိအေးစက် အောင်ပွဲခံခဲ့တဲ့အပေါ် ပရိသတ်တွေက အမျိုးမျိုး မှတ်ချက်ပြုနေပြီး ကရူးစ်အတွက် ဒီလိုသွင်းဂိုးမျိုးတွေက ရိုးအီနေပြီလို့လည်း အချို့က ရေးသားခဲ့ပါတယ်။