မိန်းကလေးတိုင်း ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အတွင်းခံဘောင်းဘီရွေးချယ်ဝတ်ဆင်မှု နဲ့ သန့်ရှင်းအောင်ဘယ်လိုထားသိုရမလဲဆိုတာကို သိကိုသိထားရပါမယ်။ အတွင်းခံဘောင်းဘီကို စနစ်တကျမဝတ်ဆင်ဘူးဆိုရင် မိန်းမကိုယ်အနံ့ဆိုးတာ ၊ အဖြူဆင်းတာ ၊ ဆီးပိုးဝင်တာ စတဲ့ ဆိုးရွားတဲ့ ပြဿနာတွေ ခံစားရနိုင်ပါတယ်။
၁။ဝတ်ဆင်သင့်တဲ့ အတွင်းခံအမျိုးအစား
များသောအားဖြင့် မိန်းကလေးတွေက လှပတဲ့ အတွင်းခံဘောင်းဘီကို ဝယ်ယူဝတ်ဆင်တတ်ကြပါတယ်။ တကယ်တော့ လှပတဲ့အတွင်းခံထက် ကိုယ့်အတွက် သက်သောင့်သက်သာရှိမယ့် အတွင်းခံကိုသာ ရွေးချယ်ဝတ်ဆင်သင့်တာပါ။ နိုင်လွန်အတွင်းခံတွေ၊ ပိုးအတွင်းခံတွေ ဝတ်ဆင်မယ့်အစား ချည်သားနဲ့ ချုပ်လုပ်ထားတဲ့ အတွင်းခံတွေကိုသာ ကျန်းမာရေးအတွက် ဝတ်ဆင်သင့်ပါတယ်။ ကိုယ့်ဆိုဒ်နဲ့ အဆင်ပြေတဲ့ အတွင်းခံဘောင်းဘီကိုသာ ရွေးချယ်ဝတ်ဆင်ဖို့ အကြံပေးပါရစေ။
healthline.com
ဘာ့ကြောင့် ချည်သားအတွင်းခံတွေကို ဝတ်ဆင်သင့်သလဲဆိုတာကို ဒေါက်တာ စိမ့်စမ်းဖြူက ခုလိုပြောပြပေးထားပါတယ်။
“အမျိုးသမီးတွေအတွက် အတွင်းခံဘောင်းဘီက အရမ်းအရေးကြီးပါတယ်။ အထဲမှာပဲ ဝတ်ထားတယ်ဆိုပြီး ပေါ့ပေါ့တန်တန်စဉ်းစားလို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ အတွင်းခံတွေမှာမှ ချည်သားနဲ့လုပ်ထားတာရှိတယ်။ တချို့လည်း လှအောင် နိုင်လွန်တွေနဲ့ လုပ်ထားတာရှိတယ်။ အသားထူထူတွေ၊ အရမ်းကြပ်တာတွေ မျိုးစုံရှိပါတယ်။ ဒါပေမယ့် ဝတ်သင့်တာကတော့ ချည်သားနဲ့ လုပ်ထားတဲ့ အတွင်းခံမျိုးကို ပိုပြီးဝတ်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆိုပါစို့ နိုင်လွန်လိုဟာမျိုး ကျွန်မတို့ ဝတ်လိုက်မယ်ဆိုရင် အတွင်းခံထဲမှာ လေဝင်လေထွက်မရှိတော့ဘဲ ပူပြီး စိုထိုင်းထိုင်းဖြစ်လာတော့ မှိုပိုးတွေ၊ ဘက်တီးရီးယားတွေ ပေါက်ဖို့အတွက် ပတ်ဝန်းကျင်ကောင်းတစ်ခုလို ဖြစ်သွားတာပေါ့။ ဒါတွေက ဆီးလမ်းကြောင်းထဲဝင်သွားရင် ဆီးပိုးဝင်တာတွေဖြစ်မယ်၊ မိန်းမကိုယ်ထဲဝင်မယ်ဆိုရင် မိန်းမကိုယ်ယားမယ်။ ဆီးပေါက်ရင် ပူတာ၊ ကျဉ်တာ ၊ ဆီးခဏခဏသွားချင်တာ ၊ ဆီးကျန်နေသလို ခံစားရတာ ၊ မိန်းမကိုယ်ရောင်ယမ်းတာ ၊ မိန်းမကိုယ်ယားမယ်၊ အဖြူဆင်းမယ်၊ အနံ့အရမ်းနံမယ်၊ စတာတွေ ခံစားရမယ်။ အဲဒီတော့ ကိုယ်ရွေးချယ်လိုက်တဲ့ အတွင်းခံပေါ် မူတည်ပြီး ဆီးလမ်းကြောင်းတစ်ဝိုက်မှာ သက်ရောက်မှုတွေ အများကြီးရှိလာမယ်။”
၂။ရှောင်သင့်တဲ့ အတွင်းခံအမျိုးအစား
အတွင်းခံကို ကြပ်လွန်းတာမျိုး၊ သားရေကြိုးတွေနဲ့ ပြုလုပ်ထားတဲ့ အတွင်းခံတွေ၊ အလှအပဦးစားပေးထားတဲ့ အတွင်းခံတွေဟာ ခေတ္တခဏဝတ်ဆင်တာမျိုးပဲ ပြုလုပ်သင့်ပါတယ်။ အမြဲတမ်းဝတ်ဆင်မယ်ဆိုရင် သားအိမ်လမ်းကြောင်းမှာ ရောဂါဝင်တာ ၊ ဆီးလမ်းကြောင်းမှာ ပိုးဝင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့်
ဆီးလမ်းကြောင်းပိုးဝင်တာကို ကာကွယ်ဖို့ပဲဖြစ်စေ၊ ဆီးလမ်းကြောင်းမှာ ဖြစ်နေတာတွေကို သက်သာစေချင်လို့ပဲဖြစ်စေ လေဝင်လေထွက်ကောင်းတဲ့၊ ပွပွချောင်ချောင်လေးတွေ( အရမ်းပွနေတာကို မဆိုလိုပါ) ၊ သက်သောင့်သက်သာရှိတာမျိုးတွေကို ရွေးချယ်ဝတ်စေချင်ပါတယ်။
healthline.com
၄။အတွင်းခံကို တစ်နေ့တစ်ခါသာ ဝတ်ဆင်သင့်
အတွင်းခံဘောင်းဘီကို တစ်နေ့တစ်ခါသာ လဲလှယ်ဝတ်ဆင်သင့်ပါတယ်။ အတွင်းခံဘောင်းဘီကို ဆေးကြောလျှော်ဖွတ်ခြင်းမပြုဘဲနဲ့လည်း ထပ်ခါထပ်ခါဝတ်ဆင်တာမျိုးကိုလည်း အထူးရှောင်ကြဉ်သင့်ပါတယ်။ တစ်ကြိမ်ဝတ်ထားတဲ့ အတွင်းခံကို နောက်တစ်ကြိမ်ဝတ်ဆင်တာက (တစ်ရက်အတွင်းဖြစ်ပါစေ) ဘက်တီးရီးယားပိုးတွေကို ပေါက်ဖွားစေနိုင်ပါတယ်။
grove.co
၅။ညဘက်တွေမှာ အတွင်းခံချွတ်အိပ်ပါ
ညဘက်အိပ်ချိန်တွေမှာ အတွင်းခံဘောင်းဘီချွတ်ဝတ်တာက ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
နောက်တစ်ခုကတော့ ညဘက်အိပ်တဲ့အခါမှာ အတွင်းခံမဝတ်ဘဲ အိပ်တာကို ပိုသင့်တော်တယ်လို့ ပြောတယ်။ ညဘက်မှာ အတွင်းခံဝတ်ခြင်းက ချွေးစိုစေပြီး ဘက်တီးရီးယားတွေကို ပေါက်ဖွားစေပါတယ်။
ညဘက်မှာ အတွင်းခံဘောင်းဘီချွတ်အိပ်သင့်ကြောင်း ဒေါက်တာစိမ့်စမ်းဖြူက အကြံပေးပါတယ်။
“လူ့ခန္ဓာကိုယ်ရဲ့ တခြားသော အစိတ်အပိုင်းတွေက လေထုနဲ့ ထိတွေ့ဖို့ လိုအပ်တယ်။ မိန်းမကိုယ် အတွင်းပိုင်းတွေကလည်း လေနဲ့ ထိတွေ့ဖို့ လိုအပ်တယ်။ အဲဒါကြောင့် အိပ်တဲ့ အချိန်မှာ အတွင်းခံမပါဘဲ အိပ်ဖို့ အကြံပေးချင်တယ်။”
ဒီအချက်အလက်တွေကို သေချာမလိုက်နာဘဲ ပေါ့ပေါ့တန်တန်သဘောထားမယ်ဆိုရင် မိန်းမကိုယ်ကျန်းမာရေးကို ထိခိုက်စေပြီး ဆီးလမ်းကြောင်းပိုးဝင်တာ ၊ မိန်းမကိုယ်အနံ့နံတာ ၊ အဖြူဆင်းတာ စတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်ပေါ်စေတဲ့အတွက် အတွင်းခံဘောင်းဘီတွေကို ကောင်းကောင်းရွေးချယ်ဝတ်ဆင်ဖို့ အထူးအရေးကြီးကြောင်း သတိချပ်စေပါတယ်။
အတွင်းခံကို သန့်ရှင်းရေးလုပ်နည်း
အတွင်းခံတွေကို သန့်ရှင်းရေးလုပ်တော့မယ်ဆိုရင် အရင်ဆုံး ရေနဲ့ ဆပ်ပြာကိုအသုံးပြု လျှော်ဖွတ်ပြီးရင်တော့ နေပူပူမှာ ခြောက်သွေ့တဲ့အထိ လှန်းဖို့ လိုအပ်ပါတယ်။ ဆပ်ပြာကိုလည်း အမွှေးနံ့သာတွေ ၊ ရေမွှေးနံ့ပြင်းပြင်းတွေပါဝင်တဲ့ ဆပ်ပြာတွေကို အသုံးမပြုသင့်ပါဘူး။ ဒီလိုအနံ့ပြင်းတဲ့ ဆပ်ပြာမွှေးတွေဟာ ဓါတုပစ္စည်းတွေ အများကြီးပါဝင်နေတဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။ ခြောက်သွေ့သွားတဲ့ အတွင်းခံဘောင်းဘီတွေကို သေချာ မီးပူတိုက်ပြီးမှသာ ဝတ်ဆင်သင့်ပါတယ်။
“အတွင်းခံတွေက ကိုယ်တွေကသာ သန့်တယ်ထင်နေတာ။ သန့်ပါတယ်ဆိုတဲ့ အတွင်းခံတစ်ထည်မှာ ဘတ်တီးရီးယားပိုးပေါင်း တစ်သောင်းလောက် ရှိပါတယ်တဲ့။ အဲဒီတော့ အတွင်းခံတွေကို ဆပ်ပြာတွေ ၊ ရေတွေနဲ့ လျှော်ပြီးရင် နေနဲ့ ထိအောင်လှမ်း ၊ နေအပူက ဘက်တီးရီးယားတွေကို သေစေတယ်။ အဲဒီတော့ လေလည်း သလပ်ပြီး ခြောက်သွားတဲ့ အတွင်းခံကို မီးပူနဲ့ သေသေချာချာတိုက်ပြီးတော့မှ သန့်ပြန့်ခြောက်သွေ့တဲ့ အတွင်းခံကို ဝတ်ပါ" လို့ ဒေါက်တာစိမ့်စမ်းဖြူက အကြံပြုထားပါတယ်။