ဟာလန်းတယောက် အပိုင်အခွင့်အရေးကို လွဲချော်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ လီဗာပူးနဲ့ မန်စီးတီးတို့ရဲ့ ကွန်မြူနတီဒိုင်းပွဲမှာတော့ လီဗာပူးက အာနိုးလ်၊ ဆာလာ၊ ဒါဝင်နူးနက်ဇ်တို့ရဲ့ ဂိုးတွေနဲ့အတူ ၃-၁ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ တဖက်က မန်စီးတီးတိုက်စစ်မှူး ဟာလန်းအတွက်ကတော့ ရှုံးပွဲအပြင် ဒီပွဲမှာ သူ့ရဲ့လွဲချော်မှုတွေ၊ စွမ်းဆောင်ရည်တွေကပါ ပြောစရာတွေဖြစ်ခဲ့ရပါတယ်။




ဟာလန်းဟာ ဒီပွဲရဲ့ ပထမပိုင်းမှာ ဘောလုံးထိချက် (၈) ကြိမ်သာရှိခဲ့ပြီး ဘယ်ခြမ်းက ဖြတ်တင်ပေးလိုက်တဲ့ အခွင့်အရေးတကြိမ်ကို လွယ်လွယ်ကူကူနဲ့ပဲ အမှားအယွင်းပြုလုပ်ခဲ့ပါတယ်။ ပိုဆိုးတာကတော့ လီဗာပူးက ၃-၁ ဂိုးနဲ့ ဦးဆောင်နေချိန် ပွဲကစားချိန် နောက်ဆုံးမိနစ်မှာရရှိလာတဲ့ အပိုင်အခွင့်အရေးကြီးကို ဘားတန်းထိအောင် ကန်လိုက်မိတာပဲဖြစ်ပါတယ်။



ဖိုဒန်ရဲ့ ကန်ချက်ကို လီဗာပူးဂိုးသမား အက်ဒရီယန် ကာကွယ်ရာကတဆင့် ပြန်ထွက်လာတဲ့ ဘောလုံးကို ဟာလန်းက ဂိုးပေါက်နဲ့ (၆) ကိုက်အကွာကနေ အေးအေးဆေးဆေး အပိုင်ကန်ခွင့်ရရှိခဲ့တာပါ။ ဒါပေမယ့် ဒီဘောလုံးကိုတော့ ဟာလန်းက အားအပြည့် ထည့်ကန်ခဲ့ပြီး ဘောလုံးက ဂိုးဘားတန်းထိပြီး ဂိုးလွန်ဘောသာဖြစ်သွားခဲ့ပါတယ်။ ဟာလန်းကိုယ်တိုင်လည်း သူ့ရဲ့လွဲချော်မှုကို သူကိုယ်တိုင် စိတ်ပျက်ခဲ့ရပါတယ်။



မန်စီးတီးနည်းပြ ဂွါဒီယိုလာအတွက် ဖြေသိမ့်စရာတခုကတော့ လက်ရှိနွေရာသီမှာပဲ ဟာလန်းနဲ့အတူ ခေါ်ယူထားတဲ့ တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်က ဒီပွဲမှာရရှိခဲ့တဲ့ တလုံးတည်းသော ချေပဂိုးကို သွင်းယူနိုင်ခဲ့တာပါ။ ပရိသတ်တွေကတော့ ဟာလန်းရဲ့လွဲချော်မှုအပေါ် “ဒီကစားသမားအတွက် ပိုက်ဆံတွေ အကုန်သုံးလိုက်တာလား” “ဟာလန်းရဲ့ ဂုဏ်သိက္ခာကတော့ ဒီတပွဲနဲ့တင် သွားပါပြီ” လို့ အသီးသီးမှတ်ချက်ပြုခဲ့ပါတယ်။

ဒါ့အပြင် ပရိသတ်တယောက်ကလည်း ဟာလန်းရဲ့အခွင့်အရေးက လူကာကူ၊ ဗာနာ၊ မိုရာတာတို့ဆိုရင်တောင် ဂိုးဝင်နိုင်ဦးမယ်လို့ လှောင်ပြောင်ခဲ့ကြပါတယ်။ ဟာလန်းဟာ မန်စီးတီးကစားသမားဘဝ ပထမဆုံးပွဲ ခြေစမ်းပွဲမှာတုန်းက ဘိုင်ယန်မြူးနစ်နဲ့ ပွဲဦးထွက်မှာတည်းက ဂိုးသွင်းနိုင်ခဲ့ပေမယ့် အခု အရေးကြီးတဲ့ပွဲမှာတော့ ဒီလိုမျိုး ဆိုးဆိုးရွားရွား လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က