ရော်နယ်ဒိုနဲ့ လီဝန်ဒေါစကီးတို့တောင် အနားမကပ်နိုင်ခဲ့ပါဘူး။

ရော်နယ်ဒိုရဲ့ အကောင်းဆုံးအချိန်၊ လီဝန်ဒေါစကီးရဲ့ အတောက်ပဆုံးကာလတွေမှာတောင်မှ ၆၉ ဂိုးသာ ရရှိခဲ့တာဖြစ်လို့ မက်ဆီက ၉၁ ဂိုးအထိကို ဘယ်လိုတောင်သွင်းယူခဲ့တာလဲဆိုတာကို ပရိသတ်တွေ ပြန်အံ့အားသင့်လာခဲ့ရပါတယ်။ 


မနေ့က ကစားခဲ့တဲ့ ၀ုလ်ဘတ်နဲ့ပွဲမှာ ဘိုင်ယန်အတွက် တဂိုးသွင်းပြီးနောက် လီဝန်ဒေါစကီးက ရော်နယ်ဒိုရဲ့ ပြက္ခဒိန်တနှစ်အတွင်း ဂိုးသွင်းစံချိန်ကို လိုက်မီသွားခဲ့ပါတယ်။ ၂၀၁၃ မှာ ရော်နယ်ဒိုက ပြိုင်ပွဲစုံသွင်းဂိုး ၆၉ ဂိုးအထိရရှိခဲ့ပြီး ၈ နှစ်အကြာမှာ ပိုလန်သားကြီးက လိုက်မီခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ မက်ဆီရဲ့ သွင်းဂိုးစံချိန်ကို လိုက်မီခဲ့တာတော့မဟုတ်ပါဘူး။ 



၂၀၁၂ မှာ မက်ဆီက ပြက္ခဒိန်တနှစ်အတွင်းသွင်းဂိုးပေါင်း ၉၁ ဂိုးအထိ ရရှိခဲ့တာဖြစ်ပြီး ဒီနေ့ဒီအချိန်ထိ ဒီစံချိန်က အမြင့်ဆုံးဖြစ်နေခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ အကောင်းဆုံးအချိန်၊ လီဝန်ဒေါစကီးရဲ့ အတောက်ပဆုံးကာလတွေမှာတောင်မှ ၆၉ ဂိုးသာ ရရှိခဲ့တာဖြစ်လို့ မက်ဆီက ၉၁ ဂိုးအထိကို ဘယ်လိုတောင်သွင်းယူခဲ့တာလဲဆိုတာကို ပရိသတ်တွေ ပြန်အံ့အားသင့်လာခဲ့ရပါတယ်။ 

အာဂျင်တီးနားတိုက်စစ်မှူးဟာ အဆိုပါနှစ်က နာမည်ကျော်ကလပ်အသင်းတချို့ရဲ့ စုစုပေါင်းရဂိုးထက်တောင်မှ ပိုပြီးများပြားနေခဲ့တာလည်းဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ ၂၀၁၂ မှာ ၆၃ ဂိုးသာ ရရှိခဲ့ပြီး သူ့အတွက်တော့ ဒါဟာ တော်တော်လေးခြေစွမ်းကောင်းခဲ့တဲ့ရာသီဖြစ်ခဲ့ပေမယ့် မက်ဆီရဲ့ သွင်းဂိုးနဲ့တော့ ၂၈ ဂိုးအထိ ကွာဟခဲ့ကာ နောက်ကောက်ချခံခဲ့ရတာဖြစ်ပါတယ်။ 

ဒါပေမယ့် မက်ဆီကိုယ်တိုင်လည်း အဆိုပါနှစ်က စံချိန်ကို ထပ်မံရယူနိုင်ခြင်းမရှိတော့ဘဲ တစ်နှစ်တည်းနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဘာစီလိုနာနဲ့အတူ အောင်မြင်မှုအကြီးအကျယ်ရရှိနေချိန်၊ ဘောလုံးလောကကို ဘာစီလိုနာက လွှမ်းမိုးနေခဲ့မှုတွေမှာ မက်ဆီရဲ့ သွင်းဂိုးတွေက အဓိကနေရာက ပါဝင်ခဲ့တယ်ဆိုတာ အထင်အရှားဖြစ်ခဲ့ပြီး တကိုယ်ရည်အောင်မြင်မှုအရလည်း မက်ဆီက ဒီနေ့အထိ အမြင့်ဆုံးဖြစ်နေဆဲဖြစ်ပါတယ်။ 


Share

က္က