မက်ဒရစ်ဒါဘီပွဲမှာ အေတီကိုတို့ ၃-၁ နဲ့ အနိုင်ရခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ကို အနိုင်ရခဲ့တဲ့ မက်ဒရစ်ဒါဘီပွဲမှာ ပြိုင်ဘက်အသင်းကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဟမ်ကို ဘယ်လိုထိန်းချုပ်ခဲ့လဲဆိုတာ အက်သလက်တီကိုမက်ဒရစ်နည်းပြ ဆီမြွန်နီက ပွဲအပြီးမှာ ဖွင့်ဟသွားခဲ့ပါတယ်။ ဆီမြွန်နီရဲ့ အသင်းဟာ ၃-၁ နဲ့ အိမ်ကွင်းမှာ အနိုင်ရခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကို ဒီရာသီ ပထမဆုံးရှုံးပွဲ ကြုံတွေ့စေခဲ့ပါတယ်။ 

အန်ဆယ်လော့တီအတွက်လည်း ဆီမြွန်နီကို ၅ ပွဲမြောက် အရေးနိမ့်ခဲ့တာ​ဖြစ်ပါတယ်။ ဒီပွဲမှာ သူ့ရဲ့ အားထားရတဲ့ လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်လည်း ဘာမှမတတ်နိုင်ခဲ့ပါဘူး။ အေတီကိုရဲ့ စနစ်ကျတဲ့ ကစားပုံအောက်မှာ ဘယ်လင်ဟမ်လည်း ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ ဆီမြွန်နီက ဘယ်လင်ဟမ်ကို ဘယ်လိုထိန်းချုပ်ခဲ့လဲဆိုတာကို ဖွင့်ဟခဲ့ပါတယ်။ "ဂျုဒ်ဘယ်လင်ဟမ်က ဟိုဆေးလူရဲ့ အမြင့်ဘောအားကောင်းတာကို ခဏခဏ အခွင့်အရေးယူလေ့ရှိပါတယ်၊ အဲဒီကနေ သူက နေရာလွတ်တွေရှာတယ်၊ ဟိုဆေးလူမရှိရင် သူ့အတွက် နေရာလွတ်တွေ နည်းပါးသွားပါတယ်" လို့ ပြောဆိုသွားခဲ့တာပါ။

ဟိုဆေးလူကတော့ လူစားဝင်ကစားသမားအဖြစ်နဲ့ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူ ဝင်လာပြီးနောက်မှာလည်း ရီးရဲလ်တိုက်စစ်က အလုပ်မဖြစ်ခဲ့ဘဲ အေတီကိုက ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ရီးရဲလ်အတွက် ထူးရှယ်ခြေစွမ်းပြနေတဲ့ ဘယ်လင်ဟမ်ကို ဆီမြွန်နီက ဘယ်လိုအနိုင်ယူရမလဲဆိုတာကို ပြသခဲ့တဲ့ပွဲဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က