သူ့ရဲ့ နောက်ဆုံးနှစ်ပွဲ စွမ်းဆောင်ရည်တွေကြောင့်ပါ။

ဆော်ဒီလိဂ်ရဲ့ တလတာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ ရော်နယ်ဒို ပါဝင်လာခဲ့ပါတယ်။ သူက ၃ပွဲကစားပေးခဲ့ပြီး နောက်ဆုံး ၂ ပွဲမှာ ၅ ဂိုးသွင်း၊ ၂ ကြိမ်ဖန်တီးပေးခဲ့တာပါ။ သူ့ရဲ့ အဲဒီပွဲတွေမှာ ရရှိခဲ့တဲ့ Rating တွေကလည်း ကြောက်ခမန်းလိလိပါပဲ။ ဘယ်ကစားသမားထက်မဆို ဂိုးပိုသွင်းထားနိုင်ခဲ့ပြီး တချို့ကစားသမားတွေက သူ့ထက်တောင် ပွဲပိုကစားထားခဲ့တာပါ။

May be an image of 1 person, playing American football, playing football and text

ဒီဆုအတွက် ရော်နယ်ဒိုက အခြားသော နာမည်ကျော်တွေဖြစ်တဲ့ မယ်လ်ကွန်၊ မာရက်ဇ်၊ မာနေး အစရှိတဲ့ ကစားသမားတွေနဲ့ ပြိုင်ဆိုင်ရမှာဖြစ်ပြီး သူပဲ ရယူနိုင်ဖို့ရာ များနေပါတယ်။ အသက် ၃၈ နှစ်အရွယ် ရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည်က ပြိုင်ဘက်တွေထက် ခေါင်းတလုံးသာနေခဲ့ပြီး သူ့ထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုးကို မပြသနိုင်ခဲ့ကြပါဘူး။

ရော်နယ်ဒိုက ဟက်ထရစ်တကြိမ်ပါဝင်ခဲ့ပြီး တပွဲတည်း ၂ ဂိုးသွင်းမှုကလည်း တကြိမ်ဖြစ်နေခဲ့ကာ သူ့လိုမျိုး ဘယ်ကစားသမားကမှ ဩဂုတ်လအတွင်းမှာ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် ၂ပွဲဆက်တိုက်လည်း ဖန်တီးပေးခဲ့လို့ ပေါ်တူဂီသားရဲ့ လက်ရှိခြေစွမ်းက အထင်ကြီးစရာတော်တော်လေးကို ကောင်းနေခဲ့ပါတယ်။

အယ်လ်နာဆာဟာ အဖွင့်ပွဲ ၂ပွဲဆက်တိုက် အရေးနိမ့်ခဲ့ပေမယ့်လည်း နောက်ဆုံး ၂ပွဲဆက်တိုက် အနိုင်ရရှိခဲ့တာပါ။ ရော်နယ်ဒိုကလည်း ပုံမှန်ဂိုးသွင်းခြေပြန်ရနေကာ မာနေးနဲ့ တွဲဖက်ပြီး အသင်းတိုက်စစ်ကို ဦးဆောင်ကစားနိုင်မှုက အရမ်းအားကောင်းနေခဲ့ပါတယ်။

Share

Loading Next Article...
က္က