မန်ချက်စတာယူနိုက်တက်ဂန္တဝင်တွေဖြစ်တဲ့ ဂယ်ရီ နဗီးနဲ့ ဝိန်း ရူနီတို့အပါအဝင် အများစုဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုအပေါ်မှာ ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်က ပီးယာ့စ် မော်ဂန်နဲ့ အင်တာဗျူးမှာ အသင်းဖော်ဟောင်းတွေကို ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးဂန္တဝင် ဒီဒီယာ ဒရော့ဂ်ဘာဟာ ဝေဖန်ပြစ်တင်မှုတွေ များစွာ ခံနေရတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီး မီဆွတ် အိုဇေးလ်ရဲ့ မှတ်ချက်ကို သဘောတူကြောင်း လူသိရှင်ကြား ပြသခဲ့ပါတယ်။

အာဆင်နယ်ကြယ်ပွင့်ဟောင်းဟာ မီဒီယာတွေနဲ့ ဘောလုံးဝေဖန်သူတွေဟာ ပေါ်တူဂီကြယ်ပွင့်ကို အာရုံစိုက်ခံရဖို့အတွက်နဲ့ မကောင်းတဲ့မှတ်ချက်စကားတွေ ပြောကြားခဲ့ကြတာနဲ့ပတ်သက်ပြီး ၎င်းရဲ့ ထင်မြင်ချက်ကို မျှဝေခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဂန္တဝင်တွေဖြစ်တဲ့ ဂယ်ရီ နဗီးနဲ့ ဝိန်း ရူနီတို့အပါအဝင် အများစုဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုအပေါ်မှာ ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်က ပီးယာ့စ် မော်ဂန်နဲ့ အင်တာဗျူးမှာ အသင်းဖော်ဟောင်းတွေကို ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရဲ့ အိုးထရက်ဖို့ဒ်က အပြုအမူတွေဟာ မကြာသေးမီကမှ ပြင်းထန်တဲ့ အကဲဖြတ်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားပေးဖို့ ငြင်းဆန်ခဲ့ပြီးနောက် ကွင်းအတွင်းကနေ ပွဲမပြီးဆုံးခင် ထွက်ခွာသွားတာမျိုးတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပီးယာ့စ် မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်ကြောင့်လည်း ရော်နယ်လ်ဒိုဟာ လူအများအပြားရဲ့ ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရတာဖြစ်ပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်းဖြစ်တဲ့ အိုဇေးလ်က အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဘက်ကနေ ရပ်တည်ကာကွယ်ပေးခဲ့တာဖြစ်ပါတယ်။ 

"မီဒီယာတွေကနေ ရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီး ဒီလို မကောင်းသတင်းတွေ ဘယ်လို ဆက်တိုက်ထွက်လာလဲဆိုတာ ကျွန်တော် တကယ်နားမလည်ပါဘူး။ မီဒီယာတွေက ကလစ်ရဖို့ပဲ ကြိုးပမ်းနေပြီး ဘာမှ လုပ်စားစရာမရှိတော့တဲ့ ဘောလုံးဝေဖန်သူတွေက သူ့ရဲ့ နာမည်ကြီးမှုနဲ့အတူ အာရုံစိုက်မှုလိုချင်နေပြီး သူ့ကို မကောင်းတဲ့ပုံစံမျိုးဖြစ်အောင် ပုံဖော်ဖို့ ကြိုးပမ်းနေတာပါ။ မကြာခင် သူက အသက် ၃၈ နှစ်ပြည့်တော့မှာပါ။ အဲဒီတော့ သူ တစ်ရာသီကို ဂိုး ၅၀ ထပ်မသွင်းနိုင်တော့ရင်လည်း ဘာ အံ့အားသင့်စရာ ရှိသေးလို့လဲ"



"ဘောလုံးပရိသတ်တိုင်းက နှစ် ၂၀ လောက် သူ့ကို ကမ္ဘာ့အဆင့်မှာ ကစားနေတာ မြင်ရတာကိုပဲ ပျော်ရွှင်နေသင့်ပါတယ်။ သူ့ရဲ့ ကိန်းဂဏန်းတွေအတိုင်း နောက်ထပ်တစ်ကြိမ် လုပ်နိုင်မယ့်သူက မျိုးဆက်သစ်တွေထဲမှာ ဘယ်သူမှ ရှိမယ်လို့ ကျွန်တော် မထင်ပါဘူး။ သူက အမြဲတမ်း သူ့ရဲ့ကိုယ်ပိုင် အဆင့်အတန်းမှာပဲ ထာဝရရှိနေပါလိမ့်မယ်။ အားကစားသမိုင်းက အကြီးကျယ်အခမ်းနားဆုံးအားကစားသမားတွေထဲက တစ်ဦးကို အားလုံးပိုပြီး လေးစားမှုပြသင့်ပါတယ်"လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးဂန္တဝင်တိုက်စစ်မှူး ဒီဒီယာ ဒရော့ဂ်ဘာက မီဆွတ် အိုဇေးလ်ရဲ့ ရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီး ထင်မြင်ချက်ကို မှန်ကန်ကြောင်း ထောက်ခံတဲ့အနေနဲ့ "ပြောသွားတာ ကောင်းတယ် ငါ့ညီ"လို့ ရေးသားပြီး ပြန်လည်မျှဝေခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က