တန်ဟက်ဂျ်အတွက်၊ ပရိသတ်တွေအတွက် ကျေနပ်စရာပွဲဖြစ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ကတော့ ဘက်တစ်ကို ၄-၁ နဲ့ ပြန်အနိုင်ယူပြီး လီဗာပူးလ်ကို အရေးနိမ့်မှုကနေ ရုန်းထွက်ပြခဲ့ပါပြီ။ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာ ဘက်တစ်ကို ဂိုးပြတ်အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို ခြေတဖက်လှမ်းနိုင်ခဲ့ပြီး ယူနိုက်တက်ကစားသမား ၄ ဦးအထိ ဂိုးသွင်းယူနိုင်ခဲ့ကာ ပရိသတ်တွေကို စိတ်ကျေနပ်မှုအပြည့် ပြန်ပေးသွားနိုင်ခဲ့ပါတယ်။ 

ညကပွဲမှာ ယူနိုက်တက်က ဖိဖိစီးစီးနဲ့ ကစားခဲ့ပြီး ပွဲကိုလွှမ်းမိုးနိုင်ခဲ့ပါတယ်။ ဘက်တစ်ကတော့ အသင်းလိုက်ကစားဟန်ကောင်းခဲ့ပြီး ထိုးဖောက်မှုတချို့က အန္တရာယ်ပေးနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ခြေစွမ်းက လုံး၀ကျသွားခဲ့ပြီး ယူနိုက်တက်က ဂိုးတွေဆက်တိုက်ရယူသွားပြီး အိုးထရက်ဖို့ဒ်မှာတင် ပွဲကို အပြတ်ဖြတ်နိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ 

ယူနိုက်တက်အတွက် အဖွင့်ဂိုးကိုတော့ ကက်စ်မဲရိုးရဲ့ ပါးနပ်မှုကနေရရှိခဲ့တာပါ။ ဘက်တစ်တိုက်စစ်ဆင်ပြီး ဂိုးပေးရမယ့် အနေအထားရှိခဲ့ရာကနေ ပြစ်ဒဏ်ဘောဖြစ်ခဲ့ရာမှာ ဘောလုံးကို အမြန်ပေးခဲ့ပြီး အဲဒီကမှတဆင့် ရက်ရှ်ဖို့ဒ်က ဧရိယာထဲကနေ အပြင်းကန်သွင်းယူခဲ့တာပါ။ ဒီဂိုးကို ပထမပိုင်းမှာ အယိုဇီပီရက်ဇ်က ပြန်ချေပခဲ့လို့ ပွဲက ၁-၁ ဖြစ်ခဲ့ပါသေးတယ်။ 

ဒါပေမယ့် ဒုတိယပိုင်းမှာတော့ အန်တိုနီက သူ့ရဲ့ ပုံမှန်ကန်သွင်းနေကျအတိုင်း ဧရိယာအပြင်ကနေ ဘယ်ခြေနဲ့ ကန်သွင်းယူပြီး ဦးဆောင်ဂိုးထပ်ယူပေးခဲ့ပါတယ်။ အဲဒီနောက် လုခ်ရှောရဲ့ ထောင့်ကန်ဘောကနေ ဖာနန်ဒက်စ်က ခေါင်းတိုက်ဂိုးသွင်းယူခဲ့သလို ပွဲသိမ်းဂိုးကိုတော့ တော်မီနေးကန်ချက်ကနေ ပြန်အံထွက်လာတာကို ဝက်ဂျ်ဟော့စ်က အနီးကပ်ပိတ်သွင်းယူပေးခဲ့တာပါ။ 

သူ့ကစားသမားတွေက အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်လို့ တန်ဟက်ဂျ်အတွက် ကျေနပ်လောက်စရာ ရလဒ်ဖြစ်ခဲ့ပါတယ်။ အခြားသောပွဲတွေမှာတော့ အာဆင်နယ်တို့ စပို့တင်းနဲ့ ၂ဂိုးစီသရေကျခဲ့ပြီး ရိုးမားက ဆိုဆီဒက်ကို ၂-၀၊ ဆီဗီလာက ဖီနာဘာချီကို ၂-၀၊ ဂျူဗီက ဖရိုင်းဘတ်ကို ၁-၀၊ လေဗာကးဆင်က ဖာရန်ဗာရိုးစ်ကို ၂-၀တို့နဲ့ နိုင်ခဲ့ပြီး ယူနီယံဘာလင်နဲ့ ယူနီယံစိန့်တို့ ၃ ဂိုးစီ၊ ရှက်တာဒိုးနတ်နဲ့ ဖီယင်နော့ဒ်တို့ ၁ဂိုးစီသရေကျခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က