ဒီအချက်ကလေးတွေကို လိုက်လုပ်ကြည့်ပါ

ဗိုက်မှာ အဆီအခေါက်တွေနဲ့မို့ ဗိုက်ကြီးပူပြီး ရုပ်ဆိုးနေတာကို ဘယ်မိန်းကလေးမှ လိုချင်မှာ မဟုတ်ပါဘူး။ ဒီနေ့တော့ ဗိုက်ကလေး ချပ်နေအောင် လှပလာစေဖို့အတွက် နေ့စဉ်ဘဝမှာ ဘယ်လိုနေထိုင်ပြုမူရမလဲဆိုတာလေးကို လမ်းညွှန်ပေးပါရစေ။ 



globalnews.com

၁။အမျှင်ဓာတ်ပြည့်ဝအောင်စားပါ 

ကိုယ့်ရဲ့ နေ့စဉ် အစားအစာတွေထဲမှာ အမျှင်ဓာတ်ပြည့်ဝအောင် စားသုံးဖို့ လိုအပ်ပါတယ်။ အရွယ်ရောက်ပြီးသူ ၁၁၀၀ ကျော်ကိုလေ့လာတွေ့ရှိချက်တစ်ခုမှာတော့ ၁၀ ဂရမ်ပါ၀င်တဲ့ အမျှင်ဓာတ်စားသုံးမှုမြင့်တက်လာတိုင်း ၅ နှစ်တာကာလအတွင်းဗိုက်အဆီတက်လာမှုဟာ ၃.၇% ကျဆင်းသွားတာကို တွေ့ရပါတယ်။ အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေဟာ အစာချေဖျက်မှုစနစ်ကို နှေးကွေးစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းပေးခြင်း၊ အစာအိမ်အူလမ်းကြောင်းကို ကောင်းမွန်စေခြင်း၊ ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးခြင်း စတဲ့အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ အမျှင်ဓာတ်တွေကိုတော့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အများဆုံးရရှိနိုင်ပါတယ်။ 

၂။ အရက်အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ပါ

သုတေသနတစ်ခုအရ အရက်အလွန်အကျွံသောက်သုံးခြင်းဟာ ဗိုက်အဆီကို ပိုတက်လာစေတယ်လို့ သိရပါတယ်။ အရက်သောက်ခြင်းဟာ အဝလွန်ခြင်းကို ဖြစ်ပေါ်စေပြီး အထူးသဖြင့်တော့ ခါးတစ်ဝိုက်မှာ အဆီပိုတွေ စုလာစေပါတယ်။ အရက်အလွန်အကျွံသောက်ခြင်းနဲ့ ခါးအဆီတက်လာခြင်းဟာ ဆက်စပ်နေတဲ့အတွက် အရက်ကို သောက်သုံးတဲ့ ပမာဏကို တတ်နိုင်သမျှ လျှော့ချဖို့ လိုအပ်ပါတယ်။ 

123rf.com

၃။ စိတ်ဖိစီးမှုကို လျှော့ချပါ 

စိတ်ဖိစီးမှုကြောင့်စိတ်ဖိစီးမှုဟော်မုန်းလို့ ခေါ်တဲ့ cortisol ထုတ်လုပ်ဖို့အတွက် adrenal glands တွေကိုဖြစ်ပေါ်စေပြီး စိတ်ဖိစီးမှုကြောင့်ဗိုက်အဆီတက်စေနိုင်ပါတယ်။ သုတေသနများအရ cortisol ပမာဏမြင့်မားခြင်းဟာ အစာစားချင်စိတ်ကိုမြင့်တက်စေပြီးဝမ်းဗိုက်အဆီတွေ ဖြစ်ပေါ်မှုကို တွန်းအားပေးနေပါတယ်။ ဒါ့ကြောင့် ဗိုက်ကလေးချပ်နေချင်တယ်ဆိုရင် စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချဖို့ လိုအပ်ပါတယ်။ 

၄။အချိုဓာတ်များတဲ့ အစားအစာတွေကို ရှောင်ပါ

သကြားဓာတ်ပါတဲ့ အစားအစာတွေကို အများအပြား စားသုံးမယ်ဆိုရင် နှလုံးရောဂါ၊ အမျိုးအစား ၂ ဆီးချိုရောဂါ၊ အ၀လွန်ခြင်းနှင့်အသည်းအဆီဖုံးရောဂါ စတာတွေ ဖြစ်ပွားတတ်ပါတယ်။ အချိုဓာတ်စားသုံးမှု ပမာဏ မြင့်မားလေလေ ဗိုက်အဆီတွေ ပိုတက်လာလေလေ ဖြစ်ပါတယ်။ အချိုဓာတ်များတဲ့ အစားအစာတွေ၊ အချိုရည်တွေကို စားသုံးခြင်း ပမာဏကို ကန့်သတ်ထားဖို့ လိုပါတယ်။

  
www.besthealthmag.ca

၅။ အေရိုးဘစ်လေ့ကျင့်ခန်း (cardio) လုပ်ပါ

ဗိုက်ချပ်ချင်ရင်တော့ အေရိုးဘစ်လေ့ကျင့်ခန်း (cardio) ကို မဖြစ်မနေ လုပ်ပေးဖို့ လိုကိုလိုတယ်လို့ ပြောပါရစေ။ အေရိုးဘစ်လေ့ကျင့်ခန်း (cardio) ဟာ ကျန်းမာရေးကိုတိုးတက်ကောင်းမွန်စေပြီး ကယ်လိုရီတွေကိုလောင်ကျွမ်းစေပါတယ်။ လေ့လာချက်တွေ အရ အေရိုးဘစ်လေ့ကျင့်ခန်း (cardio) ဟာ ဗိုက်အဆီလျှော့ချဖို့ အထိရောက်ဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ လမ်းလျှောက်တာ၊ ရွရွလေးပြေးတာ၊ ကြိုးခုန်တာ၊ စက်ဘီးနင်းတာ၊ ရေကူးတာ တွေဟာ Gym သွားဖို့မလိုဘဲ လုပ်နိုင်တဲ့ အေရိုးဘစ်လေ့ကျင့်ခန်းတွေပါ။

ဒီအချက်တွေကိုသာ နေ့စဉ်ဘဝမှာ ကျင့်သုံးသွားမယ်ဆိုရင် ကိုယ်ကြိုးစားတာနဲ့အမျှ ကိုယ့်ရဲ့ ဗိုက်ကလေးဟာ ချပ်ချပ်ယပ်ယပ်ကလေးဖြစ်သွားပြီး လှပသွယ်လျလာပါလိမ့်မယ်။ 

Share

က္က