ချဲလ်ဆီးကိုဝယ်ဖို့က ချဲလ်ဆီးရဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းကြောင့် အဟန့်အတားဖြစ်ခဲ့ရတာပါ။

ချဲလ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ချ်ဟာ ကမ္ဘာအရပ်ရပ်က ရုရှားနဲ့ပတ်သက်မှုတွေအပေါ် အရေးယူပိတ်ဆို့မှုတွေကြောင့် ချဲလ်ဆီးကို ရောင်းချဖို့ အပူတပြင်း ကြိုးစားနေပါတယ်။ အဆိုပါရုရှားသူဌေးဟာ ဆွစ်ဇာလန်ဘီလီယံနာ ဟန်းစ်ဂျော့ဝိုက်စ်အပါအဝင် နောက်ထပ် သူဌေး သုံးလေးယောက်နဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။



ဒီအကြောင်းကိုလည်း အသက် (၈၆) နှစ်အရွယ် ဟန်းစ်ဂျော့ဝိုက်စ်ကိုယ်တိုင်က ဖွင့်ဟပြောကြားခဲ့ပြီး အေဘရာမိုဗစ်ချ် ချဲလ်ဆီးကို ရောင်းချဖို့ ပြင်ဆင်နေတဲ့ ဝယ်လက်တွေထဲမှာ ယူနိုက်တက်ပရိသတ်လည်းဖြစ်၊ ဗြိတိန်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဆာဂျင်မ်ရတ်ကလစ်ဖ်ကလည်း တယောက် အပါအဝင်ဖြစ်ပါတယ်။ အဆိုပါပုဂ္ဂိုလ်ဟာ တချိန်တုန်းက ချဲလ်ဆီးကို ဝယ်ယူဖို့ သတင်းထွက်ခဲ့ဖူးသူတယောက်ပါ။

ရတ်ကလစ်ဖ်ဟာ Ineos စွမ်းအင်ကုမ္ပဏီဟာ ပြီးခဲ့တဲ့ရာသီကလည်း ပြင်သစ်လီဂူးကလပ် နိုက်စ်ကို ညီအကိုတော်စပ်သူ ဘော့ဘ်ရဲ့ Ineos ဘောလုံးအဖွဲ့အစည်းနဲ့အတူ ဖက်စပ်ဝယ်ယူထားပါသေးတယ်။ ချဲလ်ဆီးကို ဝယ်ယူဖို့အတွက်လည်း ရတ်ကလစ်ဖ်က “ဆွေးနွေးမှုတွေ ဘယ်တော့ပြီးမလဲဆိုတာကိုလည်း ကျနော် မပြောတတ်ပါဘူး” လို့ တချိန်တုန်းက ပြောကြားခဲ့ဖူးပါတယ်။

ရတ်ကလစ်ဖ်ဟာ ယူနိုက်တက်ပရိသတ်တယောက်ဖြစ်ပေမယ့် ဒီမန်ချက်စတာမြို့ခံအသင်းကို ဝယ်ယူဖို့ကိစ္စနဲ့ ပတ်သက်လို့တော့ တော်တော်လေး အလှမ်းဝေးပုံရပြီး “ယူနိုက်တက်က တော်တော်လေးကို စီးပွားရေးဆန်တဲ့အသင်းတသင်းပါ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ချဲလ်ဆီးကိစ္စနဲ့ ပတ်သက်လို့တော့ ဘီဘီစီရေဒီယိုနဲ့ တွေ့ဆုံခန်းမှာ ရတ်ကလစ်ဖ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။

ရတ်ကလစ်ဖ်က “ချဲလ်ဆီးနဲ့ ပတ်သက်လို့ အစောပိုင်းမှာ ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ ချဲလ်ဆီးရဲ့ အဓိကပြဿနာက သူတို့ရဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းပါ။ ကျနော်တို့လည်း အသက်တွေကြီးလာခဲ့ပြီး ဒီပြဿနာကို ဖြေရှင်းဖို့အတွက်ကလည်း ဆယ်စုနှစ်တခုစာလောက်ရှိလာခဲ့ပါပြီ” လို့ ပြောကြားခဲ့ပါတယ်။ 

Share

က္က