ယူနိုက်တက်ဟာ ဂျူဗင်တပ်စ်ကွင်းလယ်လူ ရာဘီရော့ကို ခေါ်ယူဖို့အတွက် ဂျူဗင်တပ်စ်နဲ့ သဘောတူညီမှုရရှိခဲ့ကြောင်း မန်ချက်စတာညနေခင်းသတင်းဌာနက ဖော်ပြလိုက်ပါတယ်။ အသက် (၂၇) နှစ်အရွယ် အဆိုပါ ဂျူဗင်တပ်စ်ကွင်းလယ်လူဟာ အသင်းနဲ့လည်း စာချုပ်သက်တမ်း နောက်ဆုံးနှစ်အတွင်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။
ယူနိုက်တက်ဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကိုခေါ်ယူဖို့ တောက်လျှောက်စောင့်ဆိုင်းခဲ့ပေမယ့် မနေ့က ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့နောက် အခြားသော ရွေးချယ်စရာတွေအတွက် စတင်လှုပ်ရှားလာခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ ချက်ချင်းဆိုသလိုပဲ ရာဘီရော့အတွက် ကလပ်နှစ်သင်းကြား သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။
ရာဘီရော့ကိုခေါ်ယူဖို့ ယူနိုက်တက်တို့ ပြီးခဲ့တဲ့နည်းပြဟောင်း ဗန်ဟားလ်လက်ထက်တည်းက သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါပြင်သစ်ကွင်းလယ်လူဟာ သမိုင်းကြောင်းကောင်းခဲ့တဲ့ ကစားသမားမဟုတ်ဘဲ မကြာခဏ ပြဿနာရှာလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၉) ချန်ပီယံလိဂ်ရှုံးထွက်မှာ ပီအက်စ်ဂျီတို့ ယူနိုက်တက်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး ရာဘီရော့ကို နိုက်ကလပ်မှာ မြင်တွေ့ခဲ့ရတာကြောင့် အသင်းကစားသမားအဖြစ်ကနေ ဆိုင်းငံ့ခံခဲ့ရပါတယ်။
ပီအက်စ်ဂျီဟာ ရာဘီရော့ကို အသင်းကနေ ထုတ်ပယ်ဖို့အထိ စဥ်းစားခဲ့ဖူးတာပါ။ ဒါ့အပြင် လက်ရှိနွေရာသီမှာတင် ချဲလ်ဆီးနဲ့ သတင်းထွက်ခဲ့ပေမယ့် ဒီကစားသမားရဲ့ စည်းကမ်းပိုင်းဆိုင်ရာ ဆိုးရွားတဲ့အချက်တွေကြောင့် တူဟယ်လ်က ခေါ်ယူဖို့ ငြင်းဆန်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ (၂၀၁၈) ကမ္ဘာ့ဖလားမှာလည်း ပြင်သစ်လက်ရွေးစင်အတွက် အရံကစားသမားစာရင်းမှာ ရွေးချယ်ခံခဲ့ရတာကြောင့် လက်ရွေးစင်နည်းပြ ဒက်ချမ့်စ်ဆီ အီးမေးလ်ပို့ပြီး အသင့်အနေအထားမျိုးနဲ့ မစောင့်ဆိုင်းနိုင်ကြောင်း ပြောကြားခဲ့တယ်လို့ ဒက်ချမ့်စ်ကိုယ်တိုင်က ဖွင့်ဟခဲ့ဖူးပါတယ်။
အဲ့ဒါကြောင့်လည်း ယူနိုက်တက်တို့ ရာဘီရော့ကိုခေါ်ယူဖို့ ကြိုးစားနေတဲ့အပေါ် ပရိသတ်တွေက စိတ်ပျက်နေပြီး လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ ပေါ့ဘာကို အသင်းကနေ လက်လွှတ်ခဲ့ပြီးနောက် နောက်ထပ်ပိုမိုကြီးမားတဲ့ ဗိုင်းရပ်စ်ကိုခေါ်ယူ်စ်ကိုခေါ်နောက် နောက်ထပ်ပိုမိုကြြားခ့စ်ဆ်တည်းက သတင်းတလိုက်ပြန်ပြီလို့ ဝေဖန်နေကြပါတယ်။