အုပ်စု ဒုတိယနေရာနဲ့ နောက်တဆင့်တက်ရောက်နိုင်ဖို့ အာမခံချက်ရှိအောင် အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ ဘိုင်ယန်နဲ့ပွဲကို အနိုင်ကစားဖို့ လိုအပ်နေတာပါ။

ဘာစီလိုနာအသင်းဟာ အင်္ဂါနေ့ညနေက နူးကမ့်မှာ ဘင်ဖီကာအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ခဲ့တဲ့ အရေးကြီးတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးမရှိသရေရလဒ်သာ ရယူနိုင်ခဲ့ပြီး နည်းပြ ဇာဗီက မြူးနစ်မှာ ကစားရမယ့် အုပ်စုနောက်ဆုံးပွဲကို အနိုင်ယူပြမယ်လို့ ကြုံးဝါးခဲ့တာပါ။

ဘင်ဖီကာအသင်းနဲ့ သရေရလဒ်သာ ထွက်ပေါ်ခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ တတိယနေရာက ဘင်ဖီကာထက် ၂ မှတ်အသာ၊ အုပ်စုပထမနေရာက ဘိုင်ယန်မြူးနစ်နဲ့ ၈ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။ အိုတာမန်ဒီနဲ့ ရော်နယ် အာရာအူဟိုတို့ ၂ ဦးစလုံးရဲ့ သွင်းဂိုးဟာ ငြင်းပယ်ခံခဲ့ရတာကြောင့် ဂိုးမရှိ သရေကျခဲ့တာဖြစ်ပြီး အုပ်စု ဒုတိယနေရာအတွက် တိုက်ပွဲကတော့ နောက်ဆုံးပွဲစဉ်အထိ ဆက်လက်ပြင်းထန်လာတော့မှာဖြစ်ပါတယ်။



ဘာစီလိုနာဟာ ယခုရာသီကို ခက်ခဲစွာ စတင်ခဲ့ရပြီး လက်ရှိ လာလီဂါအမှတ်ပေးဇယားမှာ အဆင့် ၇ နေရာမှာသာ ရပ်တည်နေတာဖြစ်ပေမယ့် နိုင်ငံတကာပွဲစဉ်အားလပ်ရက်အတွင်း ဇာဗီကို နည်းပြသစ်အဖြစ် ခန့်အပ်မှုက အသင်းက အခြေအနေတွေက အပေါင်းလက္ခဏာဘက် ပိုရောက်လာမယ်လို့ ယူဆခဲ့ကြတာဖြစ်ပါတယ်။ ဇာဗီလက်ထက် ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့အပတ်က အက်စ်ပန်ညိုအသင်းကို မန်းဖစ် ဒီပိုင်းရဲ့ အငြင်းပွားဖွယ်သွင်းဂိုးနဲ့အတူ ၁-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အင်္ဂါနေ့ည ဘင်ဖီကာအသင်းနဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ရလဒ်ကောင်းတစ်ခု ရယူနိုင်လိမ့်မယ်လို့ မျှော်မှန်းခြင်းခံခဲ့ရပေမယ့် သရေ ၁ မှတ်စီသာ ခွဲယူနိုင်ခဲ့တာဖြစ်ပါတယ်။

"အရမ်းကောင်းတဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့သာ ဂိုးသွင်းခဲ့မယ်ဆိုရင် အနည်းဆုံးတော့ အဲဒါက အရမ်းကောင်းတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ တကယ်ကောင်းတဲ့ ပွဲဖြစ်ခဲ့လို့ပါ။ ကျွန်တော်တို့ အရမ်းသေးငယ်တယ်လို့ သိထားခဲ့တဲ့ ၁ မှတ်ပဲ ရခဲ့တယ်။ ဒါပေမယ့် အကောင်းမြင်စိတ်နဲ့ ကြည့်ရင် ကျွန်တော်တို့ တစ်ပွဲ ကစားဖို့ ကျန်သေးတယ်။ ကျွန်တော်တို့ မြူးနစ်ကို သွားပြီး အနိုင်ကစားရပါမယ်"

"ကျွန်တော်တို့ အရမ်းကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ သူတို့တွေ ဘယ်လိုကစားရမယ်ဆိုတာ သိနေပါတယ်။ ကျွန်တော်တို့ ဂိုးတွေပဲ ပျောက်ဆုံးနေခဲ့တာပါ။ ၂ ပွဲမှာ ကျွန်တော်တို့ တစ်ဂိုးပဲရခဲ့ပြီး ရခဲ့တဲ့ဂိုးကလည်း ပင်နယ်တီ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ပိုပြီး အကျိုးသက်ရောက်မှုရှိရှိ ကစားရပါမယ်။ ကျွန်တော်တို့က ဘာဆာဖြစ်ပြီး မြူးနစ်မှာတင်မကဘဲ ဘယ်လိုနေရာမှာမဆို အနိုင်ယူသွားမှာပါ။ ကျွန်တော်တို့ ဂိုးမရှိသရေကျခဲ့ပေမယ့်လည်း အရမ်းကောင်းတဲ့ပွဲတစ်ပွဲကို ကစားခဲ့ပါတယ်။ ကျွန်တော့် ကစားသမားတွေရဲ့ ခံယူချက်နဲ့ပတ်သက်ပြီး အရမ်းကို စိတ်ကျေနပ်မိပါတယ်"လို့ ဇာဗီက ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က