ပေါ်တိုဝါရင့်နောက်ခံလူကြီး ပီပီကတော့ ဘင်ဖီကာနဲ့ ကစားခဲ့တဲ့ ပေါ်တူဂီစူပါဖလားပွဲမှာ သူ့ရဲ့ ဇကို ထပ်ပြီးတော့ ပြသွားခဲ့ပါတယ်။ အဲဒီပွဲမှာ ပေါ်တိုက ၂-၀ နဲ့ အရေးနိမ့်ခဲ့ပြီး မဟာပြိုင်ဘက်ကို ဒူးထောက်ခဲ့ရသလို ပီပီကလည်း ပွဲပြီးခါနီးမှာ ပြိုင်ဘက်ကစားသမားနဲ့ ဘောလုံးယှဉ်လုရင်း လူချကစားခဲ့လို့ အနီကတ်ပြခံလိုက်ရပါတယ်။
ပီပီတယောက် အသင်းက ရှုံးချိန်မှာ ညစ်တွန်းတွန်းခဲ့ပုံရပါတယ်။ ပြိုင်ဘက်ရဲ့ တင်ပါးကို ဒူးနဲ့ တိုက်ခဲ့ပြီးတော့ လူချခဲ့တာပါ။ ကွင်းလယ်ဒိုင်က အနီပြချိန်မှာတော့ သူ့ကို ဘင်ဖီကာပရိသတ်တွေက ဝိုင်းလှောင်ခဲ့ကြပြီး ပီပီလည်း ကွင်းပြင်ထွက်ခဲ့ရပါတော့တယ်။ အသင်းခေါင်းဆောင်အဖြစ်နဲ့ သူက ဝင်ကစားခဲ့ပြီး ရာသီကြိုဖလားတလုံးကို ဆုံးရှုံးခဲ့ရတာပါ။
ဘင်ဖီကာပရိသတ်တွေ မခံချိမခံသာဖြစ်အောင် ပီပီက ပြန်လုပ်သွားခဲ့တာပါ။ အသင်းကရှုံး၊ သူလည်း အနီထိပြီးထွက်ရချိန်မှာတောင် မရရအောင် လုပ်သွားခဲ့တာပါ။ အသက် ၄၀ အရွယ် ပေါ်တူဂီသားကြီးကတော့ အခုချိန်ထိ သူ့ရဲ့စိတ်ကိုမလျှော့သေးပါဘူးး။ ပြိုင်ဘက်တွေနဲ့ဆိုရင် မီးကုန်ယမ်းကုန် ကြမ်းပြီး ဒေါသမထွက်ထွက်အောင် ဆွပြီးမှ ကွင်းထဲကနေ ထွက်သွားခဲ့ပါတယ်။