တော်တော်လေးကိုမှ ထူးခြားတဲ့ အတွေ့အကြုံနဲ့ ဇာတ်လမ်းပါပဲ။

ကမ္ဘာ့ဖလားအတွက် ကာတာကို ရောက်ရှိနေတဲ့ အင်္ဂလန်ပရိသတ်နှစ်ဦးဟာ ဘီယာလိုက်ရှာရင်း ကာတာနန်းတော်ကို ရောက်သွားတဲ့ သူတို့ရဲ့ အဖြစ်သနစ်ကို ပြန်လည်ပြောဆိုမှုက ရေပန်းစားနေပါတယ်။ သူတို့ရဲ့ ဘီယာရှာဖွေရေးခရီးစဉ်မှာ ဘီယာ ဘယ်မှာရနိုင်မလဲလိုက်မေးရင်း ကာတာစော်ဘွားရဲ့ သားတဦးနဲ့မှ တိုက်တိုက်ဆိုင်ဆိုင်သွားတွေ့မိခဲ့ကြတာပါ။ 


ဒီနောက်မှာတော့ သူတို့နှစ်ယောက်ကို စော်ဘွားသားက သူတို့နေထိုင်ရာ နန်းတော်ဆီ ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါနန်းတော်မှာတော့ မျောက်၊ ခြင်္သေ့နဲ့ ရှားပါးငှက်တွေကို သူတို့မြင်တွေ့ခဲ့ရတဲ့အကြောင်းကို ပြန်လည်ဖော်သည်ချပြောဆိုတဲ့ဇာတ်လမ်းက တော်တော်လေးကို ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။ 



talkSPORT နဲ့ တွေ့ဆုံခဲ့တဲ့ အစီအစဉ်မှာ အင်္ဂလန်နဲ့ အဲဗာတန်ပရိသတ်ဖြစ်သူ အဲလက်စ်က "ကျနော်တို့မှာ အချိန်ကောင်းလေးတခုရှိခဲ့တယ်" လို့ ဆိုပါတယ်။ ဘီယာရှာဖွေတဲ့အုပ်စုမှာ ပါဝင်ခဲ့တဲ့ ဂျွန် ဆိုတဲ့ ပရိသတ်ကတော့ "မနေ့ညက ကျနော်တို့ ရှိတ်ရဲ့ သားတွေထဲက တယောက်နဲ့တွေ့ခဲ့ပြီး သူက ကျနော်တို့ကို နန်းတော်ဆီခေါ်သွားခဲ့ပြီး သူ့မှာရှိတဲ့ ခြင်္သေံတွေနဲ့ အရာရာတိုင်းကို ပြသခဲ့တယ်"



"ကျနော်တို့ကို သူတို့က ကြိုဆိုခဲ့ပြီး ကျနော်တို့နားမှာပဲ ဝိုင်းအုံနေတော့တာ" လို့ ပြောပြခဲ့ပါတယ်။ အဲလက်စ်ကလည်း "ကျနော်တို့ ဘီယာလေးများရနိုင်မလား လိုက်ရှာနေတာလို့ ပြောတော့ သူတို့မှာရှိတယ်လို့ ပြောတယ်၊ အဲဒါနဲ့ တိုယိုတာလင်ခရူဇာကားနောက်ခန်းပေါ်ကျနော်တို့ ခုန်တက်ပြီးလိုက်သွားတာ နန်းတော်မှာ အဆုံးသတ်တော့တာပဲ၊ သူက မျောက်တွေ၊ ခြင်္သေ့တွေ၊ ထူးခြားဆန်းပြားတဲ့ ငှက်တွေနဲ့ အသီးတချို့ကို ပြခဲ့ပါတယ်" လို့ ထပ်ပြောခဲ့ပါတယ်။ 



အဲလက်စ်ရဲ့ လူမှုကွန်ရက်မှာတော့ နန်းတော်ကို ရောက်ရှိခဲ့တဲ့ ဗီဒီယိုကို Stroy အဖြစ်နဲ့ ပြန်လည်ဖော်ပြထားတာကို မြင်တွေ့ရပါတယ်။ သူတို့ရဲ့ ဘီယာရှာဖွေရေးခရီစဉ်ဟာ နောက်ဆုံးမှာတော့ ခြင်္သေ့တွေနဲ့အတူ နန်းတော်မှာ အဆုံးသတ်ခဲ့ရပြီး ရှားပါးလှတဲ့ ဖြစ်ရပ်တခုအဖြစ် သူတို့ဘ၀မှာ အမှတ်တရအနေနဲ့ ရှိနေတော့မှာပါ။ 


Share

Loading Next Article...
က္က