အလွန်ပြင်းထန်တဲ့ နာမကျန်းဖြစ်မှု ခံစားနေရတဲ့ ကလေးငယ်အများအပြားကို ကူညီပေးနေတဲ့ ပရဟိတအဖွဲ့အစည်းဖြစ်တဲ့ Make-A-Wish ကို လှူဒါန်းဖို့ လေလံတင်ခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ တောက်ပတဲ့ ကစားသမားဘဝမှာ ဘလွန်ဒေါ ၅ ဆုအနိုင်ရရှိခဲ့ပေမယ့်လည်း ၂၀၁၇ ခုနှစ်တုန်းက ဆုဖလားပုံစံတူတွေထဲက တစ်ခုကို ရောင်းချခဲ့ပါတယ်။

ပုံမှန်အားဖြင့် ဘလွန်ဒေါဆုရရှိတဲ့ ကစားသမားတွေကို ၎င်းတို့ ကစားပေးနေတဲ့ အသင်းကို ပေးအပ်ဖို့ ဘလွန်ဒေါဆု ပုံစံတူကို ပေးအပ်တာ ဖြစ်ပြီး အဲဒီလိုမှမဟုတ်ရင် ကစားသမားတွေဟာ ၎င်းတို့ရဲ့ ကိုယ်ပိုင် ဆုတံဆိပ်စုဆောင်းမှု သို့မဟုတ် ပြတိုက်မှာသိမ်းဆည်းကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၃ ခုနှစ်တုန်းက ဘလွန်ဒေါဆုရရှိခဲ့ချိန်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ရန်ပုံငွေအတွက် လှူဒါန်းဖို့အတွက် တောင်းဆိုခြင်းခံခဲ့ရတယ်လို့ MARCA က ဖော်ပြခဲ့ပြီး ဘလွန်ဒေါဆုကို အလွန်ပြင်းထန်တဲ့ နာမကျန်းဖြစ်မှု ခံစားနေရတဲ့ ကလေးငယ်အများအပြားကို ကူညီပေးနေတဲ့ ပရဟိတအဖွဲ့အစည်းဖြစ်တဲ့ Make-A-Wish ကို လှူဒါန်းဖို့ လေလံတင်ခဲ့တာဖြစ်ပါတယ်။

လေလံပွဲကို လန်ဒန်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပြီး အီဒန် အိုဖာလို့ အမည်ရတဲ့ အစ္စရေးလ်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်က ယူရို ၆ သိန်းနဲ့ လေလံအောင်သွားခဲ့ပြီး ဘလွန်ဒေါဆုကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ အီဒန် အိုဖာဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ကာလရှည် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးနေတဲ့ ဂျော့ဂျ် မန်ဒက်စ်နဲ့အတူ ဘလွန်ဒေါဆုကို ကိုင်မြှောက်ပြီး ဓာတ်ပုံရိုက်ကူးခဲ့ပြီး အဲဒီလေလံပွဲမှာပဲ ပက် ဂွါဒီယိုလာနဲ့ မော်ရင်ညိုတို့လို ဂန္တဝင်နည်းပြတွေနဲ့လည်း တွေ့ဆုံနှုတ်ဆက်ခွင့်လည်း ရရှိခဲ့တာဖြစ်ပါတယ်။


ဘလွန်ဒေါဆုကို လေလံတင်တာက မြင်နေကျ ကိစ္စမဟုတ်ပေမယ့်လည်း ၂၀၂၁ ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ် ဂန္တဝင် ဒီစတီဖာနိုရဲ့ ဘလွန်ဒေါဆုတွေကို ရောင်းချခဲ့ဖူပြီး ၁၉၅၇ ခုနှစ်က ဘလွန်ဒေါဆုကို ပေါင် ၆၀၈၀၀၊ နောက်ထပ် ၂ နှစ်အကြာမှာရရှိခဲ့တဲ့ ဒုတိယမြောက် ဘလွန်ဒေါဆုကို ပေါင် ၅၄၄၀၀ နဲ့ ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီ စတီဖာနိုတစ်ဦးတည်းသာ ရရှိခဲ့ဖူးတဲ့ ရှားပါး စူပါဘလွန်ဒေါဆုကိုတော့ ပေါင် ၁၈၇၅၀၀ နဲ့ ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က