သူတို့ရဲ့ မဲပေးခဲ့ဖူးတဲ့ စာရင်းတွေကို ဖော်ပြခဲ့တာပါ။

ထွက်ပေါ်လာတဲ့ အချက်အလက်မှတ်တမ်းတွေအရ ရော်နယ်ဒိုနဲ့ မက်ဆီတို့နှစ်ယောက်ဟာ ဘလွန်းဒီအော်အတွက် တစ်ယောက်နဲ့တစ်ယောက် ဘယ်တုန်းကမှ ထိပ်ဆုံးနေရာမှာ မဲပေးခဲ့ဖူးခြင်း မရှိကြောင်း သိရှိရပါတယ်။ (၂၀၂၃) ခုနှစ်အတွက် ဘလွန်းဒီအော်ဆုကို မက်ဆီက ဆွတ်ခူးနိုင်ခဲ့ပါတယ်။



ဒါဟာ မက်ဆီအတွက် (၈) ကြိမ်မြောက် ဘလွန်းဒီအော်ဆုဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီအတွက် ဘလွန်းဒီအော်ဆုကို နောက်ဆုံးအနေနဲ့ ဆွတ်ခူးနိုင်တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ ရော်နယ်ဒိုကတော့ ဘလွန်းဒီအော်ဆုကို (၅) ကြိမ်အထိ ဆွတ်ခူးခဲ့ဖူးတဲ့ ကစားသမားပါ။

ဒါပေမယ့် ဒီနောက်ပိုင်းနှစ်တွေမှာ ရော်နယ်ဒိုက ဘလွန်းဒီအော်ဆုအတွက် ထိပ်ဆုံး (၃)​ ယောက်စာရင်းမှာတောင် မပါဝင်တော့ပါဘူး။ ဒါ့အပြင် ဘလွန်းဒီအော်ဆုပေးပွဲအခမ်းအနားကိုလည်း တက်ရောက်ခြင်းမရှိတော့ဘဲ ဒီနှစ်မှာလည်း ဆန်ခါတင် ထိပ်ပိုင်း ကစားသမားစာရင်းမှာတောင် ပါဝင်ခဲ့ခြင်းမရှိတာပါ။

မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ဘလွန်းဒီအော် ဆုပေးပွဲစင်မြင့်ကို ဆယ်စုနှစ်တစ်ခုကျော်ကြာမြင့်အောင် လွှမ်းမိုးနိုင်ခဲ့ကြပါတယ်။ နှစ်ယောက်အကြား ပြိုင်ဆိုင်မှုကလည်း ပြင်းထန်လွန်းခဲ့ပြီး (၂၀၁၀) ကစလို့ မက်ဆီကတော့ ရော်နယ်ဒိုကို ဘလွန်းဒီအော် ထိပ်ဆုံး​ (၃)​ ယောက်စာရင်းမှာ နှစ်ကြိမ်သာ ထည့်သွင်းမဲပေးခဲ့ဖူးပါတယ်။
ဒါ့အပြင် ရော်နယ်ဒိုကလည်း မက်ဆီကို ထိပ်ဆုံး (၃) ယောက်စာရင်းမှာ တစ်ကြိမ်သာ ထည့်သွင်း မဲပေးခဲ့ဖူးပြီး ဒါကတော့ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်ကဖြစ်ပါတယ်။ ဒါကလည်း ထိပ်ဆုံးနေရာအတွက် မဲပေးခဲ့တာမျိုး မဟုတ်တာကြောင့် ဘလွန်းဒီအော်အတွက် နှစ်ယောက်အကြား ပြိုင်ဆိုင်မှု ဘယ်လောက်အထိ ပြင်းထန်ခဲ့လဲဆိုတာ ဒီအချက်တွေက သက်သေပြနေခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က