ပြင်သစ်သားသေချာပေါက်ရသွားပြီလို့ ဆိုခဲ့တာပါ။

ဘလွန်းဒီအောဆုကို ဘယ်သူရရှိမယ်ဆိုတာ သေချာသွားပြီဖြစ်လို့ ဆန္ဒမဲပေးတာတွေကို ပိတ်သိမ်းသင့်လိုက်ပြီလို့ အွန်နရီက ပြောဆိုလိုက်ပါတယ်။ ဒီဆုကို ကမကထပြုလုပ်ကာ ချီးမြှင့်ပေးနေတဲ့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းကို အွန်နရီက ရည်ရွယ်ပြောဆိုခဲ့ကာ ဒီနှစ်အတွက်ဆုကို ဘန်ဇီမာက ခြွင်းချက်မရှိဆွတ်ခူးသွားခဲ့ပြီလို့ပါ ပေါ်တင်ပြောချခဲ့ပါတယ်။ 

ဘန်ဇီမာကတော့ ရီးရဲလ်မက်ဒရစ်အတွက် ဒီရာသီမှာ ခြေစွမ်းပြနေခဲ့ပြီး လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလားရအောင် အသင်းကို ဦးဆောင်ပေးခဲ့ပါတယ်။ သူ့ရဲ့ သွင်းဂိုး၊ ဖန်တီးမှု၊ အောင်မြင်မှုတွေကြောင့် ဘလွန်းဒီအောဆုချီးမြှင့်ရာမှာ စည်းမျဉ်းတွေပြောင်းလဲသတ်မှတ်ထားပေမယ့် ဘယ်လိုပဲကြည့်ကြည့် သူပဲ သေချာပေါက်ဆွတ်ခူးလိမ့်မယ်လို့ ပရိသတ်တွေကပါ ခန့်မှန်းထားပြီးဖြစ်ပါတယ်။ 


အသက် ၃၄ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ပီအက်စ်ဂျီ၊ ကွာတားဖိုင်နယ်မှာ ချယ်လ်ဆီးတို့ကို ဟက်ထရစ်တွေသွင်းယူနိုင်ခဲ့ပါတယ်။ လီဗာပူးလ်ကွင်းလယ်လူဟောင်း စတိဗ်မက်မာနာမန်ကလည်း အွန်နရီရဲ့ ပြောဆိုမှုအပေါ် ထောက်ခံခဲ့ပြီး ဘန်ဇီမာက ပထမဆုံးအကြိမ်ဆွတ်ခူးသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။ 

"ဆန္ဒမဲပေးတာကို ပိတ်လိုက်ပါတော့၊ ဘန်ဇီမာက ဘလွန်းဒီအောဆုကို ရသွားပါပြီ၊ ဘိုင့်ဘိုင်" လို့ အွန်နရီက ပြောဆိုခဲ့ပါတယ်။ မက်မာနာမန်ကလည်း "ချန်ပီယံလိဂ်ဖလားရသွားပြီဆိုမှတော့ ဘန်ဇီမာက အဲဒါနဲ့ထိုက်တန်ပါတယ်၊ လီဗာပူးလ်ရခဲ့မယ်ဆိုရင်တော့ မာနေး ဒါမှမဟုတ် ဆာလာ ရသင့်တယ်လို့ ကျနော်ထင်တယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က