ဘလွန်းဒီအော်မျှော်လင့်ချက်ကို ဆာလာက ပြောကြားခဲ့တာပါ။

လီဗာပူးတိုက်စစ်ကစားသမား ဆာလာက အခု (၂၀၂၂) ရဲ့ ဘလွန်းဒီအော်ဆုကို မဆွတ်ခူးနိုင်ဘူးဆိုရင် လာမယ့်နှစ် ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ဖို့ ဆက်လက်ကြိုးစားသွားမယ်လို့ ပြောကြားလိုက်ပါတယ်။ ဆာလာဟာ အာဖရိကသားတယောက်ဖြစ်တဲ့ ဂျော့ချ်ဝီယာရဲ့ ခြေရာကို တထပ်တည်းလိုက်နင်းနိုင်ဖို့လည်း ဆန္ဒရှိနေတာပါ။



ဂျော့ချ်ဝီယာဟာ (၁၉၉၅) မှာ ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူက ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ တဦးတည်းသော အာဖရိကသားတယောက်လည်းဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ခြေရာကို လိုက်နင်းနိုင်ဖို့ ဆာလာအပြင် ဆာလာရဲ့ လီဗာပူးအသင်းဖော် မာနေးကလည်း ပစ်မှတ်ထားနေကြောင်း ကာယကံရှင်ကိုယ်တိုင်က ဖွင့်ဟဖူးပါတယ်။

အခုချိန်မှာလည်း ဆာလာက “ကျနော် ဘလွန်းဒီအော်ဆုကို ဂျော့ချ်ဝီယာလိုမျိုး ဆွတ်ခူးချင်ပါတယ်။ သူက သမိုင်းတလျှောက်မှာ ဘလွန်းဒီအော်ဆုရရှိခဲ့တဲ့ တဦးတည်းသော အာဖရိကသားတယောက်ပါ။ ရီးရဲလ်မက်ဒရစ်ကိုရှုံးလိုက်တာက ကျနော့်အတွက် ဆိုးကျိုးရှိစေခဲ့ပါတယ်။ ကျနောက် ဗိုလ်လုပွဲမှာ ပုံစံကောင်းပြခဲ့သည့်တိုင်အောင်ပေါ့”

ဒါပေမယ့် ဒီတပွဲတည်းနဲ့ ကျနော် လပေါင်းများစွာကြာအောင် စွမ်းဆောင်ခဲ့တာတွေ အားလုံးကို မပယ်ဖျက်နိုင်ပါဘူး။ တကယ်လို့ ကျနော် အခု (၂၀၂၂) မှာ ဘလွန်းဒီအော်ဆုကို မရရှိခဲ့ရင်လည်း လာမယ့်နှစ်မှာ ဘလွန်းဒီအော်ကိုအရယူနိုင်ဖို့ ကျနော် လုပ်နိုင်တဲ့အရာအားလုံး လုပ်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ 

ဒီနှစ်ဘလွန်းဒီအော်ဆုအတွက် ဆာလာက မျှော်လင့်ချက် မရှိသလောက်ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဖလားနဲ့လာလီဂါဖလားတို့ ဆွတ်ခူးနိုင်ခဲ့တဲ့ ဘန်ဇီမာကသာ အခြေအနေအကောင်းဆုံးဖြစ်နေပါတယ်။ ဒါ့အပြင် ဆာလာက ပြီးခဲ့တဲ့နှစ်က သူ့ရဲ့ဘလွန်းဒီအော် အဆင့်သတ်မှတ်ချက်အပေါ်မှာလည်း ရှော့ခ်ရခဲ့တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ ဆာလာက “ကျနော့်ရဲ့ (၂၀၂၁) အဆင့်သတ်မှတ်ချက်က ကျနော့်ကို အံ့အားသင့်စေခဲ့တယ်ဆိုတာ အမှန်ပါပဲ” လို့ ဖွင့်ဟပြောကြားခဲ့သေးတာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က