မနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ ဘလွန်းဒီအော်ဆုပေးပွဲအခမ်းအနားမှာ ကစားသမားတစ်ယောက်ချင်းစီရဲ့ ဘလွန်းဒီအော် အဆင့်သတ်မှတ်ချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီနေရာမှာ ဆာကာက အိုနာနာရဲ့အောက်ကို ရောက်ရှိနေတာကြောင့် အာဆင်နယ်ပရိသတ်တွေက မေးခွန်းထုတ် ဝေဖန်နေကြပါတယ်။
အိုနာနာဟာ (၂၀၂၃) ခုနှစ်အတွက် ဘလွန်းဒီအော် အဆင့်သတ်မှတ်ချက်မှာ အဆင့် (၂၃) နေရာက ရပ်တည်ခဲ့ပါတယ်။ ဆာကာကတော့ အဆင့် (၂၄) မှာသာ ရှိနေခဲ့ပြီး အာဆင်နယ်ပရိသတ်တွေကတော့ ဒီအပေါ်မှာ မကျေမနပ်ဖြစ်နေခဲ့ကြတာပါ။
ပြီးခဲ့တဲ့ရာသီမှာ ဆာကာက အာဆင်နယ်အတွက် ပရီးမီးယားလိဂ်မှာ သွင်းဂိုး (၁၄) ဂိုး၊ ဂိုးဖန်တီးမှု (၁၁) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ယူရိုခြေစစ်ပွဲတို့မှာလည်း ဆာကာတစ်ယောက် အင်္ဂလန်အတွက် ခြေစွမ်းပြနိုင်ခဲ့တယ်လို့ ပရိသတ်တွေက ယုံကြည်နေပါတယ်။
အဲ့ဒါကြောင့်လည်း ဆာကာတစ်ယောက် အခုလိုမျိုး အဆင့် (၂၄) သာရခဲ့တဲ့အပေါ် အာဆင်နယ်ပရိသတ်တွေက ဝေဖန်နေတာပါ။ အာဆင်နယ်ပရိသတ်တွေက “ငါ့ကောင်လေး ဓားပြတိုက်ခံလိုက်ရတာပဲ” “အနည်းဆုံးတော့ ဆာကာတစ်ယောက် အဆင့် (၂၀) အတွင်းမှာ ပါဝင်သင့်ပါတယ်”
“ဆာကာက ဘလွန်းဒီအော်အတွက် ထိပ်ဆုံး (၅) ယောက်စာရင်းမှာ ပါကိုပါရမှာပါ” “ဒီသောက်တလွဲပွဲကို ကြည့်လိုက်ပါဦးကွာ။ အိုနာနာက ဆာကာ၊ မူဆီအာလာတို့အပေါ် ရောက်နေတယ်” ဆိုပြီး အသီးသီး ဝေဖန်ခဲ့ကြပါတယ်။ အိုနာနာဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အင်တာမီလန်အတွက် လက်စွမ်းပြခဲ့ပြီး ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။