ရီးရဲလ်မက်ဒရစ် ဂန္တဝင်ဟောင်း ဂူတီက ပီအက်စ်ဂျီ ကြယ်ပွင့် အမ်ဘာပေအနေနဲ့ ဘောလုံးလောကမှာ ဘာမှ စွမ်းဆောင်ပြထားခြင်းမရှိသေးဘူးလို့ သတိပေးပြောကြားလိုက်ပါတယ်။ အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးပြီးတည်းက အငြင်းပွားဖွယ်ရာတွေ ဆက်တိုက်ပြောဆိုနေတာပါ။
ရီးရဲလ်မက်ဒရစ် ဘက်တော်သားတွေကလည်း မက်ဒရစ်မြို့ကို လာမလိုလုပ်ပြီးမှ ဆုံးဖြတ်ချက်ပြောင်းသွားတဲ့ အမ်ဘာပေကို မကျေမနပ်ဖြစ်နေကြပါတယ်။ အမ်ဘာပေဟာ ပီအက်စ်ဂျီမှာ ကမ္ဘာ့စံချိန်တင်လုပ်ခကို ရရှိမှာဖြစ်ပြီး အသင်းရဲ့ အားကစားရေးရာ စီမံကိန်းတွေကိုလည်း အဆုံးအဖြတ်ပေးနိုင်တဲ့သူ ဖြစ်လာပါပြီ။
ဒီလိုအချိန်မျိုးမှာ ဂူတီက “အမ်ဘာပေက ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားလား? သူက အခုထိ သက်သေပြဖို့ ကျန်နေပါသေးတယ်။ အခုချိန်မှာတော့ သူက ကမ္ဘာ့အကောင်းဆုံး မဟုတ်ပါဘူး။ ပဲရစ်မှာ သူရှိနေတာ ဘယ်လောက်ကြာပြီလဲ? ချန်ပီယံလိဂ်ဖလား ဘယ်နှလုံးရပြီးပြီလဲ?”
“ဘလွန်းဒီအော်ရော ဘယ်နှကြိမ်ရပြီးပြီလဲ? မသိရင် သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားတယောက်လိုမျိုး ကျော်ကြားနေပါတယ်။ ဒါပေမယ့် သူက ကမ္ဘာ့အကောင်းဆုံး ကစားသမား မဟုတ်ပါဘူး။ သူက ရည်မှန်းချက်ရှိတဲ့ ကစားသမားတယောက်ပါပဲ။ အခုထိ ဘလွန်းဒီအော်ရော၊ ချန်ပီယံလိဂ်ဖလားရော မရသေးပါဘူး” လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် အမ်ဘာပေဟာ နောက်ပိုင်းနှစ် ကမ္ဘာ့ဖလားချန်ပီယံအများစုက ဥရောပတိုက်ကဖြစ်နေတယ်ဆိုပြီး တောင်အမေရိကတိုက် ဘောလုံးအဆင့်အတန်းကို နှိမ့်ချပြောဆိုခဲ့ပါသေးတယ်။ ဒီအပေါ်မှာလည်း လီဗာပူးရဲ့ ဘရာဇီးကွင်းလယ်လူ ဖာဘင်ဟိုက ဘိုလစ်ဗီးယားမှာ ကစားနိုင်မလားလို့ စိန်ခေါ်ပြောကြားပြီး တုံ့ပြန်သွားခဲ့ပါသေးတယ်။