သူ့ရဲ့အသင်းဖော်တွေဖြစ်နေပါတယ်။

မက်ဆီကတော့ ၇ ကြိမ်မြောက်အဖြစ် ရေပန်းအစားဆုံးဖြစ်နေပြီး လီဝန်ဒေါစကီးနဲ့ ဂျော်ဂျင်ဟိုတို့က အဓိကပြိုင်ဘက်အဖြစ်ရှိလာမှာပါ။


ဒီနှစ်ရဲ့ ဘလွန်းဒီအောဆုကို ချီးမြှင့်ဖို့ ဆန်ခါတင်ကစားသမား ၃၀ စာရင်းကတော့ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ ထုံးစံအတိုင်း ကမ္ဘာတဝှမ်းက စာနယ်ဇင်းသမားတွေ၊ လက်ရွေးစင်အသင်းနည်းပြတွေ၊ အသင်းခေါင်းဆောင်တွေရဲ့ မဲပေးရွေးချယ်မှုတွေနဲ့အတူ ဆန်ခါတင်စာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး မကြာခင်မှာတော့ နောက်ထပ် ဆန်ခါတင်အဆင့်စာရင်းတွေကို ထပ်မံကြေညာမှာဖြစ်ပါတယ်။ 



လက်ရှိမှာတော့ လီဝန်ဒေါစကီး၊ မက်ဆီ၊ ဂျော်ဂျင်ဟိုတို့က ဒီဆုကို ဆွတ်ခူးဖို့ ရေပန်းအစားဆုံးကစားသမားတွေအဖြစ်ရှိနေခဲ့ပါတယ်။ မက်ဆီကတော့ ၇ ကြိမ်မြောက်အဖြစ် ရေပန်းအစားဆုံးဖြစ်နေပြီး လီဝန်ဒေါစကီးနဲ့ ဂျော်ဂျင်ဟိုတို့က အဓိကပြိုင်ဘက်အဖြစ်ရှိလာမှာပါ။ အသက် ၃၄ နှစ်အရွယ် မက်ဆီကတော့ သူ ဘယ်ကစားသမားတွေကို မဲပေးခဲ့လဲဆိုတာကို ထုတ်ဖော်ပြောဆိုမှုတွေပြုလုပ်ခဲ့ရာမှာ သူ့ရဲ့အသင်းဖော်နှစ်ဦးဖြစ်နေခဲ့ပါတယ်။ 

ပြင်သစ်သတင်းဌာန L'Equipe နဲ့ အင်တာဗျူးမှာ မက်ဆီက "ကျွန်တော့်အသင်းဖော်ကစားသမားနှစ်ဦးကို မဲပေးခဲ့ပါတယ်၊ နေမာနဲ့ ဘတ်ပီတို့ပါ၊ သူတို့နှစ်ဦးက လီဝန်ဒေါစကီးလိုပဲ တစ်ဦးချင်းကောင်းမွန်တဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်ထားသူတွေပါ၊ ဘန်ဇီမာကလည်း တကယ်ကောင်းတဲ့ဘောလုံးရာသီတစ်ခုကို ရရှိထားသူပါ၊

ဘယ်သူဆွတ်ခူးသွားမလဲဆိုတာကတော့ ပြောဖို့ခက်ပါတယ်၊ ဘာလို့လဲဆိုတော့ ဒီဆုအတွက် အသင်းတစ်သင်းအနေနဲ့ ဘာတွေလုပ်ခဲ့လဲဆိုတာက အရေးကြီးလို့ပါ" လို့ ပြောဆိုခဲ့ပါတယ်။ 

ဆန်ခါတင်ကစားသမား ၃၀ ဦးစာရင်းမှာတော့ ချယ်လ်ဆီးနဲ့ မန်စီးတီးက ကစားသမား ၅ ဦးစီနဲ့ အများဆုံးပါဝင်ခဲ့ကြပါတယ်။ ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒို၊ ဒေါ့မွန်တိုက်စစ်မှူးဟာလန်း၊ ဘိုင်ယန်တိုက်စစ်မှူးလီဝန်ဒေါစကီး၊ ဒီဘရိုင်း၊ ဂျော်ဂျင်ဟို၊ ဟယ်ရီကိန်း၊ ဘရူနိုဖာနန်ဒက်စ်၊ ကန်တေ၊ လူကာကူ၊ မိုဒရစ်၊ ဂျရတ်မော်ရီနိုတို့လို ပြီးခဲ့တဲ့ရာသီတွေမှာ ခြေစွမ်းပြခဲ့တဲ့ ထိပ်တန်းကစားသမားအားလုံးနီးပါး ပါဝင်နေကြတာလည်းဖြစ်ပါတယ်။ 


ထူးခြားချက်အနေနဲ့တော့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့က စုစုပေါင်းမှ မိုဒရစ်တစ်ဦးတည်းသာ ပါဝင်ခဲ့တာဖြစ်ပြိး စပိန်ထိပ်သီးနှစ်သင်းရဲ့ ကျဆုံးမှုက ပိုမိုသိသာလာခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က