လီဝန်ဒေါစကီးက အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။

ဘောလုံးအချက်အလက်တွေကို အသေးစိတ်ဖော်ပြပေးလေ့ရှိတဲ့Transfermarkt က ပြုလုပ်ခဲ့တာဖြစ်ပြီး ပိုလန်တိုက်စစ်မှူးက အပြတ်အသတ်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ 


လာမယ့်နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ပေးအပ်ချီးမြှင့်သွားမယ့် ဘလွန်းဒီအောဆုနဲ့ပတ်သက်ပြီး ပရိသတ်တွေဆီက ဆန္ဒမဲကောက်ခံခဲ့ရာမှာ လီဝန်ဒေါစကီးက ထိပ်ဆုံးနေရာမှာရှိနေခဲ့တယ်လို့သိရပါတယ်။ ဘောလုံးအချက်အလက်တွေကို အသေးစိတ်ဖော်ပြပေးလေ့ရှိတဲ့Transfermarkt က ပြုလုပ်ခဲ့တာဖြစ်ပြီး ပိုလန်တိုက်စစ်မှူးက အပြတ်အသတ်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ဒီဆုကိုရရှိဖို့အတွက် ရေပန်းအစားဆုံးက မက်ဆီဖြစ်နေပေမယ့်လည်း ပရိသတ်တွေက ဒီနှစ်ဟာ မက်ဆီရဲ့နှစ်မဖြစ်သင့်ဘူးလို့ ယူဆနေကြတာလည်းဖြစ်ပါတယ်။ သူတို့ရဲ့ဆန္ဒမဲပေးမှုမှာ မက်ဆီက အဆင့် ၃နေရာသာ ရရှိခဲ့ပြီး ရော်နယ်ဒိုနဲ့အတူ ပူးတွဲရှိနေခဲ့ပါတယ်။ အုပ်စုအဆင့်ကနေစပြီး အဆင့်ဆင့်ရွေးချယ်ခဲ့ကြတာဖြစ်ပြီး လီဝန်ဒေါစကီးက ပြိုင်ဘက်မရှိခဲ့တာဖြစ်ပါတယ်။ 

နောက်ဆုံးလေးဦးစာရင်းကိုတော့ လီဝန်ဒေါစကီးနဲ့ရော်နယ်ဒို၊ မက်ဆီနဲ့ ဆာလာတို့ တက်ရောက်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်အတွဲအဖြစ်ရှိနေခဲ့ပါတယ်။ ဒီအဆင့်မှာ ဆက်လက်ရွေးချယ်ခဲ့ကြပြီး ဆာလာနဲ့ လီဝန်ဒေါစကီးတို့အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲအဆင့်မှာ ပိုလန်သားကပဲ ထပ်မံအနိုင်ရခဲ့ကာ စုစုပေါင်းမဲပေးမှုရဲ့ ၆၈% အထိကို ရရှိခဲ့တယ်လို့သိရပါတယ်။ 

ဒါပေမယ့်လည်း လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရတော့ မက်ဆီက ဒီနှစ်အတွက်ဆုကို ရရှိပြီးပြီလို့တောင်ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ လီဝန်ဒေါစကီးသေချာပေါက်ရရှိမှာဖြစ်ပေမယ့် ကပ်ရောဂါကြောင့် ဆုမပေးနိုင်ခဲ့လို့ လွဲချော်ခဲ့ရပါတယ်။ ဒါကြောင့်လည်း သူ ရရှိမယ့်ဆုက ခိုးယူခံခဲ့ရတယ်လို့ ပရိသတ်တွေက ဝေဖန်ခဲ့ပြီး ဆုချီးမြှင့်ရေးအဖွဲ့အစည်းအပေါ် ပြစ်တင်ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က