မကျေနပ်ချက်တွေကို ဖွင့်ဟသွားခဲ့တာပါ။

မက်ဆီဟာ မူလာရဲ့ အသင်းဖော် လီဝန်ဒေါစကီးကို ကျော်ဖြတ်ကာ ရယူနိုင်ခဲ့တာဖြစ်ပြိး ၇ ကြိမ်မြောက်ဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ ဒီအပေါ်မှာ ဂျာမနီတိုက်စစ်မှူးက မကျေမနပ်ဖြစ်နေခဲ့ပြီး ဆုရွေးချယ်မှုအပေါ် ဝေဖန်သွားခဲ့တာပါ။ 


ဘလွန်းဒီအောဆုကို မက်ဆီရရှိသွားမှုနဲ့ပတ်သက်ပြီး ဘိုင်ယန်တိုက်စစ်မှူးသောမတ်စ်မူလာကတော့ ဝေဖန်ပြောဆိုလိုက်ပြီဖြစ်ပါတယ်။ မက်ဆီဟာ မူလာရဲ့ အသင်းဖော် လီဝန်ဒေါစကီးကို ကျော်ဖြတ်ကာ ရယူနိုင်ခဲ့တာဖြစ်ပြိး ၇ ကြိမ်မြောက်ဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ ဒီအပေါ်မှာ ဂျာမနီတိုက်စစ်မှူးက မကျေမနပ်ဖြစ်နေခဲ့ပြီး ဆုရွေးချယ်မှုအပေါ် ဝေဖန်သွားခဲ့တာပါ။ 

လက်ရှိမှာတော့ မူလာအပါအဝင် ကစားသမားအများစုက ဆုရွေးချယ်တဲ့အပေါ်မှာ ဝေဖန်နေကြပြီး ရီးရဲလ်ကွင်းလယ်လူတိုနီခရူးစ်လည်း အပါအဝင်ဖြစ်ပါတယ်။ အနားယူသွားပြီဖြစ်တဲ့ ကစာသးမားဟောင်းတွေ၊ နည်းပြတချို့နဲ့ ပရိသတ်တွေကလည်း ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပြိး ၂၀၂၁ ခုနှစ် ဆုရွေးချယ်မှုကတော့ သမိုင်းတလျှောက် အငြင်းပွားလို့အကောင်းဆုံးဖြစ်လာခဲ့ပါတယ်။

မူလာက "ဘလွန်းဒီအောနဲ့ဖြစ်ပျက်ခဲ့တာတွေက ကံအကြောင်းမလှခဲ့ပါဘူး၊ ၂၀၁၃ တုန်းကလည်း အလားတူဖြစ်ခဲ့ပြီး ရီဘာရီ ခံခဲ့ရပြီးပါပြီ၊ ဒါက ကျွန်တော်တို့ကို မြူးနစ်ဆီ ချန်ပီယံလိဂ်ဖလား သယ်ဆောင်လာဖို့ တွန်းအားဖြစ်ခဲ့ပါတယ်၊ အခုလည်း အဲဒီလိုမျိုး ဖြစ်လာခဲ့ပြန်ပါပြီ၊ နောက်လာမယ့် ဘာစီလိုနာနဲ့ပွဲစဉ်ကလည်း နီးကပ်နေပါပြီ" လို့ မူလာက ပြောဆိုခဲ့ကြောင်း Onzemondial က ဖော်ပြခဲ့ပါတယ်။ 

ဒါဟာ ဘလွန်းဒီအောဆုပေးပွဲမှာ အမျိုးသား၊ အမျိုးသမီး၊ လူငယ်ကစာသမားဆုတွေကို ဘာစီလိုနာကစားသမားတွေနဲ့ ကစားသမားဟောင်းတွေပဲ ရရှိခဲ့တဲ့အပေါ် မူလာက မကျေမနပ်ဖြစ်နေတာလားလို့ ထင်စရာလည်း ဖြစ်နေပါတယ်။ အသင်းဖော်လီဝန်ဒေါစကီးမရခဲ့တဲ့အပေါ်မှာလည်း မူလာက ဒေါသထွက်နေဟန်ရှိပြီး ဒီပေါက်ကွဲမှုတွေကို ဘာစီလိုနာနဲ့ ကစားရမယ့် ပွဲစဉ်မှာ ဖွင့်ချသွားဖို့လည်း သူက သတိပေးပြောဆိုခဲ့တယ်လို့ ယုံကြည်ရပါတယ်။ 

Share

Loading Next Article...
က္က