၇ ကြိမ်မြောက်အဖြစ် စံချိန်တင်ဆွတ်ခူးမှာဖြစ်ပါတယ်။

၆ ကြိမ်အထိ ဆွတ်ခူးထားပြီး အားလုံးရဲ့အထက်မှာ ရပ်တည်နေတဲ့ မက်ဆီဟာ ဒီဆုကိုရရှိဖို့အတွက် ရေပန်းအစားဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ရှိနေခဲ့ပြီး သူနဲ့အတူ လီဝန်ဒေါစကီး၊ ဂျော်ဂျင်ဟိုနဲ့ ကန်တေတို့လို ကစားသမားတွေက အပြိုင်ရှိနေခဲ့ကြတာဖြစ်ပါတယ်။


ဒီနှစ်အတွက် ဘလွန်းဒီအောဆုကို ချီးမြှင့်ဖို့အတွက် ရက်သတ္တပတ်အနည်းငယ်လိုနေသေးချိန်မှာပဲ ဒီဆုကို မက်ဆီက ဆွတ်ခူးခဲ့ပြီလို့ ပြင်သစ်သတင်းဌာနတွေအပါအဝင် သတင်းဌာနအများအပြားက ဖော်ပြလိုက်ကြပါတယ်။ မက်ဆီဟာ ဒီနှစ်အတွက် ဆုကို ရရှိခဲ့ပြီဖြစ်တယ်လို့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ကစားသမားကို သတင်းပေးပို့ခဲ့ကြောင်း Foot01 သတင်းဌာနက ဖော်ပြခဲ့ပါတယ်။



ဒီသတင်းသာအမှန်တကယ်ဖြစ်ခဲ့မယ်ဆိုရင်တော့ မက်ဆီဟာ စံချိန်တင်ဆွတ်ခူးမှုအဖြစ်နဲ့ ဂုဏ်ယူရဦးမှာဖြစ်ပါတယ်။ ၆ ကြိမ်အထိ ဆွတ်ခူးထားပြီး အားလုံးရဲ့အထက်မှာ ရပ်တည်နေတဲ့ မက်ဆီဟာ ဒီဆုကိုရရှိဖို့အတွက် ရေပန်းအစားဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ရှိနေခဲ့ပြီး သူနဲ့အတူ လီဝန်ဒေါစကီး၊ ဂျော်ဂျင်ဟိုနဲ့ ကန်တေတို့လို ကစားသမားတွေက အပြိုင်ရှိနေခဲ့ကြတာဖြစ်ပါတယ်။

အာဂျင်တီးနားနဲ့အတူ ကိုပါအမေရိကဖလားကို ဆွတ်ခူးနိုင်ခဲံပြီး အဓိကဆုဖလားအဖြစ် မက်ဆီက ရယူနိုင်ခဲ့ကာ ဘာစီလိုနာနဲ့ အာဂျင်တီးနားအတွက်လည်း ဂိုးအများအပြားသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာနဲ့တော့ ကိုပါဒယ်ရေးဖလားတစ်လုံးတည်းသာ သူက ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီရရှိဦးမယ်ဆိုပါက ကန့်ကွက်သံတွေ၊ ပြစ်တင်ဝေဖန်မှုတွေကတော့ အများအပြားထွက်ပေါ်လာဦးမှာ သေချာနေပါတယ်။ 

ဒီနှစ်အတွက် ဆုကို ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးလီဝန်ဒေါစကီးရရှိသင့်တယ်လို့ ယူဆသူတွေကလည်း အများအပြားရှိနေခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂၀၂၀ အတွင်း ဘိုင်ယန်အတွက် တစ်ရာသီအတွင်း ဖလားသုံးလုံးတပြိုင်တည်းဆွတ်ခူးနိုင်ခဲ့သလို ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ပြိုင်ပွဲအရပ်ရပ်မှာ ရပ်တည်နိုင်ခဲ့ကာ ထူးခြားပြောင်မြောက်တဲ့ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကပ်ရောဂါကြောင့် ဆုပေးပွဲမကျင်းပဖြစ်လို့ နစ်နာခဲ့ရပြီး ဒီနှစ်အတွက်လည်း သူပဲရသင့်တယ်လို့ သုံးသပ်နေကြတာပါ။

လက်ရှိရာသီမှာလည်း လီဝန်ဒေါစကီးက ခြေစွမ်းဆက်ပြနေလို့ သူနဲ့ထိုက်တန်တယ်ဆိုတာကို ထပ်ခါထပ်ခါသက်သေပြနေခဲ့ပါတယ်။ ဂျော်ဂျင်ဟိုကလည်း အီတလီနဲ့အတူ ယူရိုဖလား၊ ချယ်လ်ဆီးနဲ့အတူ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးခဲ့ရာမှာ အဓိကကစားသမားအဖြစ်ပါဝင်ခဲ့လို့ ဒီဆုနဲ့ထိုက်တန်တယ်လို့ မှတ်ချက်ပြုသူတွေ အများအပြားရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ မက်ဆီကပဲ ဒီဆုကို သိမ်းပိုက်နိုင်တော့မှဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က