အကြောင်းရင်းကိုတော့ တိတိကျကျမသိရသေးပါဘူး။

အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်နေသူဖြစ်ပေမယ့်လည်း တက်ရောက်ဖွယ်မရှိဘူးလို့သိရကာ ဒါဟာ နောက်ထပ်တစ်ကြိမ် မတက်ရောက်မယ့် အနေအထားဖြစ်လာခဲ့ပါတယ်။ 


ပေါ်တူဂီ နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူးရော်နယ်ဒိုဟာ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ပြုလုပ်မယ့် ဘလွန်းဒီအောဆုပေးပွဲကို တက်ရောက်မှာမဟုတ်ဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်နေသူဖြစ်ပေမယ့်လည်း တက်ရောက်ဖွယ်မရှိဘူးလို့သိရကာ ဒါဟာ နောက်ထပ်တစ်ကြိမ် မတက်ရောက်မယ့် အနေအထားဖြစ်လာခဲ့ပါတယ်။ 



၂၀၁၉ ဘလွန်းဒီအောဆုပေးပွဲတုန်းကလည်း ရော်နယ်ဒို တက်ရောက်ခဲ့ခြင်းမရှိဘဲ ဆုပေးပွဲကို ရှောင်လွှဲခဲ့ပါတယ်။ ထိုစဉ်ကတော့ မက်ဆီနဲ့ ဗန်ဒိုက်တို့ ဆုရရှိဖို့က ရေပန်းအစားဆုံးဖြစ်နေကာ ရော်နယ်ဒိုရရှိဖို့က မဖြစ်နိုင်တာကြောင့် မတက်ရောက်တာဖြစ်တယ်လို့ ပရိသတ်အများအပြားက ယူဆခဲ့ကြပါတယ်။ ဒါပေမယ့်

ပဲရစ်မှာ အခြားအခမ်းအနားတစ်ခုကို တက်ရောက်ဖို့ရှိနေတာကြောင့် သူမတက်ရောက်တာဖြစ်တယ်လို့ စပိန်သတင်းစာ Sport က ဖော်ပြခဲ့ဖူးပါတယ်။ 

ဒီနှစ်ဆုပေးပွဲမှာလည်း မက်ဆီ၊ လီဝန်ဒေါစကီးတို့ ဆုရရှိဖို့ ရေပန်းစားနေပြီး ရော်နယ်ဒိုကတော့ ဆန်ခါတင်အဆင့်နဲ့သာ ကျေနပ်ရဖွယ်ရှိနေပါတယ်။ ဒီတစ်ကြိမ်ကို သူ မတက်ရောက်မယ့်အကြောင်းရင်းကိုတော့ မသိရသေးဘဲ ပရိသတ်တွေကတော့ ရော်နယ်ဒိုက ဒီဆုကို သူမဟုတ်ဘဲ အခြားသူတစ်ဥိးရရှိမယ့်အခြေအနေကို

မကြည့်ချင်တာကြောင့် ရှောင်လွှဲဖို့ ကြိုးစားတာဖြစ်မယ်လို့ ထပ်မံယူဆနေကြပြီဖြစ်ပါတယ်။ 


ကာယကံရှင်ဘက်ကတော့ သူဆုပေးပွဲတက်ရောက်မှာမဟုတ်ဘူးလို့ တရားဝင်ထုတ်ဖော်ပြောဆိုခြင်းတော့ မရှိသေးပါဘူး။ တကယ်လို့သာ အမှန်တကယ်မတက်ရောက်ခဲ့ရင်တော့ ဒါဟာ ၂ ကြိမ်ဆက်တိုက် ရော်နယ်ဒိုမတက်ရောက်မှုဖြစ်လာမှာပါ။ ၂၀၂၀ အတွက် ဆုရွေးချယ်မှုကိုတော့ ကိုဗစ်ကပ်ရောဂါကြောင့် မပြုလုပ်နိုင်ခဲ့ဘဲ

ဒီနှစ်မှာမှ ပြန်လည်ကျင်းပတာဖြစ်ပြီး မက်ဆီက ၇ ကြိမ်မြောက်အဖြစ် စံချိန်တင်ရရှိဖို့ ရေပန်းစားနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က