ဘာကာကိုပြောင်းရွှေ့ချင်နေတဲ့ အကြောင်းရင်းထဲက တခုဖြစ်ပါတယ်။

ဘာစီလိုနာကို လီဝန်ဒေါစကီးပြောင်းရွှေ့ချင်နေတဲ့အကြောင်းရင်းကို သူ့ရဲ့အ​ေးဂျင့်ဟောင်းဖြစ်သူ Cezary Kucharski က ဖွင့်ဟပြောဆိုမှုတွေပြုလုပ်လိုက်ပါတယ်။ သူ့ရဲ့ ကစားသမားဟောင်းနဲ့ပတ်သက်ပြီး သိထားသင့်သလောက် သိထားခဲ့တဲ့ အေးဂျင့်တဦးရဲ့ အမြင်အရ ပြောဆိုခဲ့တာဖြစ်ပြီး လီဝန်ဒေါစကီးက ဘန်ဇီမာထက် သာလွန်ကြောင်း ပြသချင်နေတာလို့ သူက ဆိုပါတယ်။ 

"သူက ဘန်ဇီမာထက် ပိုပြီးကောင်းတယ်ဆိုတာကို လီဝန်ဒေါစကီးက ပြသချင်နေတာ၊ ဒါက သူ ဘာကာကိုသွားချင်တဲ့ နောက်ထပ်အကြောင်းပြချက်လည်းဖြစ်ပါတယ်၊ လီဝန်ဒေါစကီးမှာ အိပ်မက်ဆိုတာမရှိဘူး၊ သူ့အတွက်တော့ ဘောလုံးကစားတယ်ဆိုတာက အလုပ်တခုပဲ၊ သူက အရမ်းပရော်ဖက်ရှင်နယ်ဆန်တယ်၊ ဘာကာနဲ့ ရီးရဲလ်မက်ဒရစ်က အဆင့်တူအသင်းတွေပါ"

"ဘာကာနဲ့ လီဝန်ဒေါစကီးတို့ကတော့ စာချုပ်ချုပ်နိုင်ဖို့အတွက် တိုက်ပွဲဝင်နေပြီး သူ ဘာကာနဲ့ လက်မှတ်ထိုးနိုင်မယ်လို့ ကျနော်ကတော့ထင်တယ်၊ ဖြစ်လာမယ်ဆိုတာကိုလည်း ကျနော်မြင်နေရတယ်၊ လီဝန်ဒေါစကီးက ဘိုင်ယန်မြူးနစ်က သူ့ကို ပြောင်းခွင့်ပေးဖို့အတွက် ဖိအားပေးနေမှာပါ၊ ဘိုင်ယန်ရဲ့ ခေါင်းဆောင်တွေကလည်း သူ စပိန်ကို သွားချင်နေတာသိတယ်"

"လီဝန်ဒေါစကီးက ဂျာမနီပြီးရင် စပိန်၊ ပြီးတော့ သူ့ရဲ့ကစားသမားဘ၀ကို အမေရိကန်မှာ အဆုံးသတ်မှာပါ" လို့ Kucharski က ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ လီဝန်ဒေါစကီးကို ပေါင်သန်း ၅၀ အထိ ဘိုင်ယန်မြူးနစ်က စျေးနှုန်းသတ်မှတ်ထားပြီး အသင်းကနေ အလွယ်တကူထွက်ခွာခွင့်ပေးမှာမဟုတ်ဘူးဆိုတာကို ထုတ်ဖော်ပြသထားကာ ပိုလန်သားကတော့ အသင်းကထွက်မယ်လို့ ပြတ်ပြတ်သားသားပြောဆိုထားပြီးဖြစ်ပါတယ်။ 

နောက်ထပ်ဖြစ်နိုင်တဲ့အချက်တချက်ကတော့ ဘလွန်းဒီအောဆုပါ။ သူ့ရဲ့အကောင်းဆုံးဘောလုံးရာသီမှာ ဘလွန်းဒီအောဆုနဲ့ လီဝန်ဒေါစကီးက လွဲချော်ခဲ့ရပြီး အဆိုပါဆုကို ရရှိဖို့အတွက် အသင်းပြောင်းရွှေ့ကစားချင်တာလို့ ယူဆရပါတယ်။ ဒီနှစ်အတွက် ဘန်ဇီမာက ဘလွန်းဒီအောဆုရဖို့ ရေပန်းအစားဆုံးဖြစ်နေကာ အဲဒီကစားသမားထက် သူက ပိုကောင်းတယ်ဆိုတာကို သက်သေပြချင်တယ်ဆိုတာကလည်း ဖြစ်နိုင်ဖွယ်ရှိပါတယ်။ 

Share

Loading Next Article...
က္က