သန်ဘက်ခါမှာ ဆုပေးပွဲကျင်းပတော့မှာပါ။

ပြီးခဲ့တဲ့နှစ်မှာ ဘယ်ကစားသမားထက်မဆို ခြေစွမ်းပြခဲ့ပြီး အောင်မြင်မှုတွေလည်းရရှိခဲ့တဲ့ လီဝန်ဒေါစကီးက ဘလွန်းဒီအောဆုကို သေချာပေါက်ရရှိမှာဖြစ်တယ်လို့ အားလုံးက ယူဆခဲ့ကြပေမယ့် ကံဆိုးစွာနဲ့ပဲ ဆုနဲ့လွဲချော်ခဲ့ရပါတယ်။


သန်ဘက်ခါမှာ ပေးအပ်ချီးမြှင့်တော့မယ့် ဘလွန်းဒီအောဆုပိုင်ရှင်ဘယ်သူလဲဆိုတာကို အားလုံးက စိတ်ဝင်စားနေကြမှာ​ သေချာပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ကပ်ရောဂါကြောင့် ချီးမြှင့်ခြင်းမလုပ်နိုင်ခဲ့ဘဲ ဒီနှစ်မှာ ပြန်လည်ပေးအပ်မှာဖြစ်ကာ ရေပန်းအစားဆုံးကစားသမားအဖြစ် မက်ဆီရှိနေပြီး သူ့နောက်မှာ လီဝန်ဒေါစကီး၊ ဂျော်ဂျင်ဟိုနဲ့ ဘန်ဇီမာတို့ အစဉ်လိုက်ရပ်တည်နေခဲ့ကြပါတယ်။ 



ပြီးခဲ့တဲ့နှစ်မှာ ဘယ်ကစားသမားထက်မဆို ခြေစွမ်းပြခဲ့ပြီး အောင်မြင်မှုတွေလည်းရရှိခဲ့တဲ့ လီဝန်ဒေါစကီးက ဘလွန်းဒီအောဆုကို သေချာပေါက်ရရှိမှာဖြစ်တယ်လို့ အားလုံးက ယူဆခဲ့ကြပေမယ့် ကံဆိုးစွာနဲ့ပဲ ဆုနဲ့လွဲချော်ခဲ့ရပါတယ်။ ဒါကြောင့် ဒီနှစ်ပြန်လည်ပေးအပ်မယ့်ဆုမှာ ခြေစွမ်းကောင်းတွေဆက်တိုက်ပြနေတဲ့ လီဝန်ဒေါစကီးပဲ ရရှိသင့်တယ်လို့ မှတ်ချက်ပြုမှုတွေရှိနေကာ ကစားသမားကလည်း မျှော်လင့်ထားတယ်လို့ ဝန်ခံထားခဲ့ပါတယ်။ 


ဒါပေမယ့် အခုအသစ်ထပ်မံထွက်ပေါ်လာတဲ့ သတင်းတွေအရ လီဝန်ဒေါစကီးဟာ ဘလွန်းဒီအောဆုရွေးချယ်မှုမှာ ဆုမရတဲ့အပြင် အဆင့် ၃ နေရာမှာသာ ရပ်တည်နေခဲ့တယ်လို့ ဆိုပါတယ်။ ဆုပေးပွဲလုပ်ခါနီးအချိန်မှာ ထွက်လာခဲ့တဲ့ သတင်းဖြစ်လို့ နီးစပ်မှုရှိနိုင်တယ်လို့ ယုံကြည်ရပါတယ်။ Football Tweet ဆိုတဲ့ တွစ်တာအကောင့်က ဖော်ပြခဲ့တာဖြစ်ပြီး လီဝန်ဒေါစကီးက အဆင့် ၃ နေရာဖြစ်ကာ ရီးရဲလ်တိုက်စစ်မှူးဘန်ဇီမာက အဆင့် ၂ လို့ ဆိုခဲ့တာပါ။ 

ဆုကိုတော့ အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီက ၇ ကြိမ်မြောက်အဖြစ်ရရှိလိမ့်မယ်လို့ ဆိုခဲ့တာလည်းဖြစ်ပါတယ်။ မက်ဆီရရှိမယ်ဆိုတဲ့သတင်းတွေကတော့ နိုဝင်ဘာလအစောပိုင်းမှာကတည်းက ထွက်ပေါ်နေခဲ့တာဖြစ်ပြီး ပရိသတ်တွေကြားမှာတော့ အငြင်းပွားဖွယ်ရာကိစ္စဖြစ်လာဖို့ရှိနေပါတယ်။ တချို့သတင်းဌာနတွေကတော့ လီဝန်ဒေါစကီးရဲ့ ဆုလည်း ခိုးယူခံခဲ့ရပြန်ပြီလို့ ရေးသားခဲ့ကြကာ ဆုရွေးချယ်မှုအပေါ်မှာ ပြစ်တင်မှုတွေလည်း ပြုလုပ်ခဲ့ကြသူတွေ ရှိခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က