ပြီးခဲ့တဲ့ (၂၀၁၈) မှာ ရာမို့စ်က အကူအညီတောင်းခဲ့တာပါ။

လက်ရှိ ပီအက်စ်ဂျီမှာ ကစားနေတဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံလူဟောင်း ရာမို့စ်တယောက် ဘလွန်းဒီအော်ဆုလိုချင်တာကြောင့် စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ရူဘီရာလက်စ်ထံ အကူအညီတောင်းခဲ့တဲ့ အသံဖိုင်ထွက်ပေါ်လာခဲ့ပါတယ်။ ဒီသတင်းကို မာကာသတင်းဌာနက ဖော်ပြခဲ့ပြီး (၂၀၁၈) မှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စလို့ သိရပါတယ်။



ရာမို့စ်ဟာ သူ့ရဲ့ ကစားသမားဘဝတလျှောက် အကြီးမားဆုံး တဦးချင်းဆုတံဆိပ်ကို မရရှိခဲ့ဖူးတာကြောင့် ဘလွန်းဒီအော်ရဖို့ သူ့အတွက်ထိုက်တန်ပြီလို့ ယုံကြည်တဲ့အချိန်မှာ အခုလိုမျိုး ပြောကြားခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ ရာမို့စ်နဲ့ရူဘီရာလက်စ်တို့ဟာ WhatsApp ကနေ အသံဖိုင်အဖြစ် ပေးပို့ခဲ့ပြီး စပိန်အခြေစိုက်သတင်းဌာနတခုကပဲ စတင်ဖော်ထုတ်ခဲ့ပါတယ်။

ရာမို့စ်က “ရူဘီရေ၊ မင်္ဂလာညနေခင်းပါ။ ခင်ဗျားနဲ့ခင်ဗျားမိသားစု နေကောင်းကျန်းမာဖို့ မျှော်လင့်ပါတယ်။ ကျနော် ခင်ဗျားဆီက ဘာမှမတောင်းဆိုဖူးတာကို ခင်ဗျားသိပါတယ်။ ဒါပေမယ့် ဒီနေ့တော့ တခု တောင်းဆိုချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနှစ်မှာ ငါ့ရဲ့စွမ်းဆောင်မှုက တကယ့်ကို စပါယ်ရှယ်ဖြစ်ခဲ့တဲ့ နှစ်တနှစ်ပါပဲ”

ဒီတော့ ခင်ဗျားအနေနဲ့ ယူအီးအက်ဖ်အေနဲ့ ဘလွန်းဒီအော်အတွက် အဓိကအရေးပါတဲ့လူအချို့နဲ့ ဆက်သွယ်ပြီး ကျနော့်ကို ကူညီပေးစေချင်ပါတယ်။ အဲ့ဒီလိုသာဆိုရင် ကျနော့်ရဲ့ ဘဝတလျှောက်လုံး ခင်ဗျားကို ကျေးဇူးတင်နေမှာပါ။ ဒါက ကျနော့်တယောက်တည်းအတွက်မဟုတ်ဘဲ စပိန်ဘောလုံးလောကနဲ့ပါ အရမ်းထိုက်တန်ပါတယ်” လို့ အသံမက်ဆေ့ချ်နဲ့ ပြောကြားခဲ့ပါတယ်။

ရူဘီရာလက်စ်ကလည်း “ရာမို့စ်ရေ။ အရင်ဆုံး မင်းကို ဂုဏ်ပြုချင်ပါတယ်။ ဒီနှစ်က မင်းဆုရဖို့ အကောင်းဆုံးနှစ်တနှစ်လို့ ထင်ပါတယ်။ ချန်ပီယံလိဂ်မှာလည်း ကြီးကျယ်ခမ်းနားတဲ့ ဗိုလ်လုပွဲတပွဲကို မင်းပိုင်ဆိုင်ဖို့ ငါမျှော်လင့်ပါတယ်။ ဘလွန်းဒီအော်က ငါ့အပေါ်တော့ မမူတည်ပါဘူး။ ဒါပေမယ့် မင်းကို ငါကူညီနိုင်မယ်ဆိုရင် ကူညီမှာပါ” လို့ အကြောင်းပြန်ခဲ့ပါတယ်။

ရာမို့စ်ကလည်း “ခင်ဗျားအပေါ်မှာ မမူတည်တာ ကျနော်သိပါတယ်။ ဒါပေမယ့် ပေါင်းသင်းဆက်ဆံရေးက သော့ချက်တခုပဲလေ။ အင်ဖန်တီနိုက တကယ်အရေးပါပြီး ကြီးကျယ်ခမ်းနားတဲ့ The Best ဆုကို ပေးနေတာပါ။ ဘာပဲဖြစ်ဖြစ် ကျနော် ခင်ဗျားအကူအညီကို လိုအပ်မှာပါ။ ခင်ဗျားအဆင်ပြေတဲ့နေ့တနေ့ ကျနော်တို့တွေ့ပြီး နေ့လယ်စာ အတူစားရအောင်” လို့ ပြောကြားထားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က