လီဗာပူးကတော့ ပြန်လာပြနိုင်ခဲ့ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ လီဗာပူးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲကတော့ ပထမပိုင်းမှာကတည်းက ပြောစရာတွေနဲ့ ပြည့်နှက်ခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးက နယူးကာဆယ်ကို ဒါဝင်နူးနက်ဇ်ရဲ့ နောက်ကျချေပဂိုးတွေ၊ အနိုင်ဂိုးတွေနဲ့အတူ ၁-၂ ဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ရရှိသွားခဲ့ပါတယ်။ 



ဒီပွဲရဲ့ ပထမပိုင်း (၂၈) မိနစ်မှာပဲ ဗန်ဒိုက်ချ်တစ်ယောက် နယူးကာဆယ်တိုက်စစ်မှူး အိုင်ဆက်ခ်ကို ကစားပုံကြမ်းခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါပေမယ့် လီဗာပူးဘက်က ဗန်ဒိုက်ချ် အထုတ်မခံရင်ကတည်းက အာနိုးလ်ကို စောစောစီးစီး အနီကတ်ပြရမှာလို့ ပရိသတ်တွေက ဝေဖန်နေကြပါတယ်။

အာနိုးလ်ဟာ ပွဲကစားချိန် (၆) မိနစ်ကတည်းက ပြိုင်ဘက် ကစားသမား လက်ပစ်ဘောမြောက်ဖို့ ပြင်ဆင်နေချိန်မှာ အခြားသော ဘောလုံးတစ်လုံးကို ကွင်းအတွင်း ပစ်ထည့်ခဲ့တာကြောင့် အဝါကတ်ပြသခံခဲ့ရပါတယ်။ အဲ့ဒီနောက် မကြာခင်မှာပဲ ဂေါ်ဒွန်ကို အာနိုးလ်က ထပ်မံ ဆွဲချခဲ့တာပါ။

အဲ့ဒီဖြစ်ရပ်မှာ အာနိုးလ်တစ်ယောက် ကံကောင်းထောက်မစွာနဲ့ ဒုတိယအဝါကတ်မထိခဲ့တာကြောင့် ကွင်းအတွင်းမှာ ဆက်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှာ အာနိုးလ်ကို ဒုတိယအဝါကတ်ပြပြီး နှစ်ဝါတစ်နီနဲ့ ထုတ်ဖို့ ဖိအားပေးခဲ့တဲ့ နယူးကာဆယ်လက်ထောက်နည်းပြ ဂျေဆင်တင်ဒဲလ်နဲ့ ကလော့ပ်တို့အကြားမှာလည်း တင်းမာမှုတွေရှိခဲ့ပါတယ်။

ပရိသတ်တွေကတော့ “အာနိုးလ်ကတော့ သေချာပေါက် အနီကတ်ထိမယ့်အရေးကနေ လွတ်မြောက်သွားခဲ့တာပဲ။ ဒိုင်လူကြီးတွေက သူ့ကို နှစ်ကြိမ်ဆက်တိုက် အဝါပြပြီး မထုတ်လိုက်တာ ကံကောင်းပါတယ်” “တိုမီယာဆုတုန်းက အနီကတ်ထိခဲ့ပြီး အခု အာနိုးလ်ကျတော့ အနီမထိတော့ပါလား။ ဒိုင်တွေက ဘယ်တော့မှကို တသမတ်တည်းမရှိပါဘူး” လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က