ယူနိုက်တက်နည်းပြ တန်ဟက်ခ်က လီဗာပူးနဲ့ ယူနိုက်တက်ပွဲမှာ လီဗာပူးတစ်သင်းတည်းကသာ အနိုင်ရဖို့ ကြိုးစားခဲ့တယ်လို့ ဗန်ဒိုက်ချ်က ပြောကြားခဲ့တဲ့အပေါ် တုံ့ပြန်သွားခဲ့ပါတယ်။ လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ မနေ့ညက အန်ဖီးလ်ကွင်းမှာ ဂိုးမရှိသရေကျခဲ့ပါတယ်။
ဒီပွဲမှာ လီဗာပူးက ဘောလုံးပိုင်ဆိုင်မှုအသာ၊ အခွင့်အရေးဖန်တီးမှုအသာနဲ့ ယူနိုက်တက်ကို အသာစီးကနေ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်နောက်တန်းနဲ့ ဂိုးသမား အိုနာနာတို့ကို ကျော်ဖြတ်နိုင်ခြင်းမရှိတာကြောင့် အိမ်ကွင်းမှာ သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရတာပါ။
ပွဲအပြီးမှာ ဗန်ဒိုက်ချ်က ဒီပွဲမှာ လီဗာပူးက အသာရခဲ့ကြောင်း၊ အနိုင်ရဖို့ ကြိုးစားခဲ့တာလည်း လီဗာပူးတစ်သင်းတည်းရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဒီပြောစကားအပေါ် တန်ဟက်ခ်က “ဒါက ဗန်ဒိုက်ချ်ရဲ့အမြင်ပါ။ ကျွန်တော်တို့ ၃-၄ ကြိမ်လောက် ဘောလုံးပြန်ယူပြီး အဲ့ဒီက ရတဲ့အခွင့်အရေးတွေနဲ့ ပြိုင်ဘက်ကို ပိုထိုးနှက်နိုင်ခဲ့သင့်ပါတယ်”
“ဒါပေမယ့် နောက်ဆုံးမှာတော့ ကျွန်တော်တို့က ဟို့ဂျ်လန်း၊ ဂါနာချိုတို့ဆီကတစ်ဆင့် အကောင်းဆုံး အခွင့်အရေးတွေ ရရှိခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က ဂိုးပေါက်တည့်ကန်ချက် (၆) ကြိမ်သာ ရရှိခဲ့ပါတယ်။
အဲ့ဒီအထဲကမှ ဟို့ဂျ်လန်းရဲ့ အခွင့်အရေးတစ်ကြိမ်ကတော့ ဂိုးရနိုင်ခြေ အခွင့်အလမ်းရှိခဲ့ပေမယ့် လီဗာပူးဂိုးသမား အယ်လစ်ဆန်က လက်စွမ်းပြကာကွယ်သွားနိုင်ခဲ့ပါတယ်။