အသင်းခံစစ်ပိုင်းဆိုးရွားခဲ့တာကို ပြင်းပြင်းထန်ထန်ပြောသွားခဲ့ပါတယ်။

လီဗာပူးလ်နောက်ခံလူဟောင်းဂျင်မီကာရေဂါကတော့ မနေ့ညက သူ့အသင်းဟောင်းရှုံးပွဲအတွက် တော်တော်လေးပေါက်ကွဲနေခဲ့ပါတယ်။ အန်ဖီးလ်မှာ ရီးရဲလ်မက်ဒရစ်ကို ၂-၅ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး အသင်းခံစစ်ပိုင်းကို သူက ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကာ ဗန်ဒိုက်နေရာကို သူတောင် ဝင်ကစားချင်တယ်လို့ ပြောဆိုခဲ့တဲ့အထိ ကာရေဂါက ခံစားချက်ပြင်းထန်နေခဲ့ပါတယ်။ 

လီဗာပူးလ်ဟာ ဒါဝင်နူနက်ဇ်၊ ဆာလာတို့ရဲ့ ဂိုးတွေနဲ့ ပွဲကို ဦးဆောင်နေခဲ့ပြီးမှ ရီးရဲလ်မက်ဒရစ်က ၅ ဂိုးအထိ ပြန်သွင်းသွားခဲ့တာဖြစ်ပါတယ်။ ဗင်နီရှပ်နဲ့ ဘန်ဇီမာက ၂ဂိုးစီ၊ မီလီတာအိုက ၁ ဂိုးသွင်းယူခဲ့ကာ စပိန်ကလပ်ကတော့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ သေချာသလောက်ရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ 



"ပထမဆုံးအနေနဲ့ အန်ဖီးလ်ကိုလာပြီး ရီးရဲလ်မက်ဒရစ်တို့ ဒီလိုလုပ်နိုင်ခဲ့တဲ့ စွမ်းဆောင်ရည်ကို ချီးကျူးပါတယ်၊ ဥရောပပွဲတပွဲမှာ အသင်းတသင်းက အန်ဖီးလ်မှာ ဒီလိုမျိုးလုပ်နိုင်ခဲ့တာကို ကျနော်မမြင်ဖူးခဲ့ဘူး၊ ပါဝင်မပတ်သက်ခဲ့ဖူးဘူး၊ လီဗာပူးလ်ကို ဒီလိုမျိုး ဖျက်စီးတာမျိုးမတွေ့ခဲ့ဖူးဘူး၊ လီဗာပူးလ်အတွက်တော့ တကယ်ကိုအရှက်ရစရာပါပဲ"

"သူတို့အတွက် (ခံစစ်သမားတွေ) တရာသီလုံး အကြောင်းပြချက်တွေပေးခဲ့ပြီး ဒါတွေကပဲ ပြီးခဲ့တဲ့ရာသီတွေမှာ သူတို့လုပ်ပြခဲ့သလိုမျိုး မလုပ်နိုင်ခဲ့တဲ့ အကြောင်းရင်းတွေပါပဲ၊ ဒုတိယပိုင်းက ပိုရှက်ဖို့ကောင်းခဲ့ပါတယ်၊ အခုကျနော်ပြောနေတာက ရှက်ဖို့ကောင်းတဲ့ ကိစ္စ၊ တရာသီလုံး ရှက်စရာခံစစ်အကြောင်းကိုပါ၊ အကြောင်းပြချက်တွေ၊ ဆင်ခြေတွေကို ဆက်ရှာနေပေမယ့် ဒါက မဟုတ်သေးပါဘူး"

"ခံစစ်ပိုင်းက လုံလောက်တဲ့စွမ်းဆောင်ရည်မရှိခဲ့ပါဘူး၊ ရယ်စရာကောင်းတာကတော့ လွန်ခဲ့တဲ့ ၂ လလောက်တုန်း ဗန်ဒိုက်က ခံစစ်တန်း ၄ ဦးမှာ သူ နေရာမရနိုင်ဘူးဆိုပြီး ပြောခဲ့တာပါ၊ အခုတော့ သူ့နေရာကို ကျနော်ဝင်ရတော့မယ်ထင်တယ်" လို့ ကာရေဂါက ပြောသွားခဲ့ပါတယ်။ ကာရေဂါဟာ ဒီလိုတွေပြောနေချိန်မှာ မျက်ရည်တွေပါ ကျခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ လီဗာပူးလ်ကတော့ ချန်ပီယံလိဂ်သမိုင်းမှာ အိမ်ကွင်းမှာ ပေးဂိုး ၅ ဂိုးအထိ ပထမဆုံးအကြိမ်ပေးခဲ့ရတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က