ဗန်ဒီဘိခ်ရဲ့ နောက်ဆုံးအနေအထားအပေါ်မှာ ဆိုးလ်ရှားက ဖွင့်ဟပြောကြားခဲ့တာပါ။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်းရဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်တစ်ယောက် ယူနိုက်တက်မှာ မပျော်ရွှင်တော့ဘူးလို့ ဖွင့်ဟဝန်ခံလာခဲ့ပါတယ်။



ဗန်ဒီဘိခ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၆) မိနစ် ဝန်းကျင်သာ ကစားခွင့်ရထားပြီး အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရဘဲ အရံခုံမှာသာအချိန်ဖြုန်းနေတဲ့အပေါ် တော်တော်လေး စိတ်ပျက်နေတာပါ။ အသက် (၂၄) နှစ်အရွယ် ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့နှစ်က ယူနိုက်တက်ကို ရောက်ရှိလာခဲ့ပြီးနောက် ပရိသတ်တွေက သူ့အပေါ် မျှော်လင့်ချက်ကြီးကြီးမားမားထားခဲ့ကြပါတယ်။

ဒါပေမယ့် ဆိုးလ်ရှားကိုယ်တိုင်က ဒီကစားသမားကို အခွင့်အရေးပေးလိုတဲ့ပုံမပေါ်ဘဲ ဗန်ဒီဘိခ်ကတော့ လာမယ့်ဆောင်းရာသီမှာ အသင်းက သေချာပေါက်ထွက်ခွာဖို့ ပြင်ဆင်နေပါပြီ။ ဒီလိုမျိုး အခြေအနေတွေ ခက်ခဲနေတဲ့ ဗန်ဒီဘိခ်နဲ့ပတ်သက်လို့လည်း ဆိုးလ်ရှားက အခုလိုပြောကြားခဲ့ပါတယ်။

ဆိုးလ်ရှားက “လက်ရှိအခိုက်အတန့်တွေက ခက်ခဲပါတယ်။ ကျွန်တော် ဗန်ဒီဘိခ်ကို နားလည်ပါတယ်။ သူလည်း စိတ်ပျက်နေပါတယ်။ သူမပျော်ဘူးဆိုတာကိုလည်း ကျွန်တော် သိထားပါတယ်။ ဒါပေမယ့် သူက ထိပ်တန်းအဆင့်ရှိတဲ့ ပရော်ဖက်ရှင်နယ် ကစားသမားပါ”

“သူ့ကိုယ်သူ ကျဆင်းသွားစေမှာ မဟုတ်ဘဲ ဘောလုံးလောကမှာ ဒါမျိုးကဖြစ်တတ်တာကို သူသိထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဗန်ဒီဘိခ် အေဂျက်စ်ကိုပြန်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် နာမည်ကျော် ဂျာနယ်လစ် ရိုမာနိုက “အေဂျက်စ်နဲ့ ယူနိုက်တက်အကြား ဗန်ဒီဘိခ်အတွက် ဘာဆွေးနွေးမှုမှမရှိပါဘူး”

“ဒါတွေအကုန်လုံးက သတင်းအမှားတွေဆိုတာကို (၃) ဖက်လုံးက လက်ခံထားပါတယ်။ ဒါပေမယ့် ဗန်ဒီဘိခ်တစ်ယောက် လာမယ့်ဇန်နဝါရီမှာ ယူနိုက်တက်က ထွက်ခွာဖို့ အခွင့်အရေးအရမ်းများပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဗန်ဒီဘိခ်ကိုခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ အဲဗာတန်က ပြီးခဲ့တဲ့နွေရာသီတည်းက ကြိုးစားခဲ့ပြီး လာမယ့်ဆောင်းရာသီမှာလည်း ဗန်ဒီဘိခ်ကို ထပ်မံခေါ်ယူဖို့ ကြိုးစားလာဖွယ်ရှိနေပါတယ်။ 

Share

Loading Next Article...
က္က