ကစားသမားဘက်က ဆုံးဖြတ်ဖို့သာ ကျန်ရှိပါတော့တယ်။

အဲဗာတန်အသင်းဟာ ဗန်ဒီဘိခ်ကို ခေါ်ယူနိုင်ဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။ ကစားသမားအတွက် အငှားခေါ်ယူခ၊ လစာငွေအပြည့်ပေးချေသွားဖို့ အဲဗာတန်က ကမ်းလှမ်းခဲ့ပြီး ယူနိုက်တက်ဘက်ကလည်း လက်ခံခဲ့တယ်လို့သိရပြီး လမ်းပတ်အတွက်တော့ ကစားသမားသစ်တဥိးကို ချက်ချင်းဆိုသလို ရရှိတော့မှာဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း နာမည်ကျော်သတင်းထောက် Fabrizio Romano ရဲ့ ဖော်ပြချက်အရတော့ ဒါဟာ ကလပ်နှစ်သင်းကြားသဘောတူညီမှုရရှိသေးတာပဲရှိသေးတယ်လို့ သိရပါတယ်။ ဗန်ဒီဘိခ်ကို ခရစ္စတယ်ပဲလေ့စ်ကလည်း ကမ်းလှမ်းမှုပြုလုပ်ထားလို့ သူ နှစ်သက်ရာအသင်းကို ရွေးချယ်ပြီး ပြောင်းရွှေ့နိုင်ခွင့်ရှိတယ်လို့သိရကာ ဟော်လန်ကြယ်ပွင့်ရဲ့ အဆုံးအဖြတ်က အဓိကဖြစ်လာတော့မှာပါ။ 

ယူနိုက်တက်မှာ ပုံမှန်ကစားခွင့်ရဖို့ မသေချာတဲ့နောက် ဗန်ဒီဘိခ်က အသင်းကထွက်ဖို့ စဉ်းစားလာခဲ့တာဖြစ်ပါတယ်။ ကနဦးမှမှာ​တော့ ပဲလေ့စ်က ကမ်းလှမ်းထားခဲ့ပေမယ့် ညှိနှိုင်းမှုတွေအဆင်မပြေဖြစ်နေခဲ့ကာ ကြန့်ကြာနေချိန် အဲဗာတန်က ကြားဖြတ်ဝင်ရောက်လာခဲ့တာပါ။ အဲဗာတန်နည်းပြသစ်လမ်းပတ်ကလည်း ဗန်ဒီဘိခ်ကို ခေါ်ယူပေးဖို့တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ 

ပဲလေ့စ်အတွက်တော့ ဒီသတင်းက သတင်းဆိုးဖြစ်လာခဲ့ပါတယ်။ ဗန်ဒီဘိခ်ကတော့ ကာတာကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရဖို့အတွက် ပွဲကစားဖို့လိုအပ်နေတာဖြစ်ပြီး သူ့ကို ပုံမှန်ကစားခွင့်ပေးနိုင်မယ့် အသင်းကိုသာ ရွေးချယ်ဖို့ရှိနေပါတယ်။ အဲဗာတန်ရော၊ ပဲလေ့စ်ကပါ ဒါကိုအာမခံချက်ပေးဖွယ်ရှိနေလို့ ဘယ်အသင်းကို သူ ရွေးချယ်မှုက အကောင်းဆုံးဖြစ်လာမလဲဆိုတာကိုတော့ သေချာဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က