ဆွေးနွေးမှုတွေကို မကြာခင် အပြီးသတ်တော့မှာပါ။

ချဲလ်ဆီးဟာ စပါးနဲ့ ပီအက်စ်ဂျီတို့ရဲ့နည်းပြဟောင်း ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါ အာဂျင်တီးနားလူမျိုးနည်းပြကို ခန့်အပ်ဖို့ ချဲလ်ဆီးတို့ တောက်လျှောက် သတင်းထွက်ခဲ့ပြီး အခုချိန်မှာတော့ တရားဝင်အတည်ပြုနိုင်တဲ့ အနေအထားကို ရောက်ရှိခဲ့ပါပြီ။



ချဲလ်ဆီးဟာ ဂရေဟမ်ပေါ်တာကို ထုတ်ပယ်ပြီးကတည်းက နည်းပြသစ်ခန့်အပ်ဖို့ လူးဝစ်အင်းနရစ်၊ နာဂယ်လ်စမန်း၊ ပိုချက်တီနိုတို့နဲ့ အဓိကသတင်းထွက်ပေါ်ခဲ့ပြီး နောက်ဆုံးအချိန်မှာတော့ ပိုချက်တီနိုတစ်ယောက်တည်းသာ ချဲလ်ဆီးနည်းပြဖြစ်နိုင်ခြေရှိသူအဖြစ် ကျန်ရစ်ခဲ့တာပါ။

ချဲလ်ဆီးနဲ့ ပိုချက်တီနိုတို့အကြား နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေကို ပြီးခဲ့တဲ့ ဧပြီလကတည်းက ပြုလုပ်ခဲ့တာဖြစ်ပြီး မကြာခင်ရက်ပိုင်းအတွင်း အပြီးသတ်သွားတော့မယ်လို့ သိရှိရပါတယ်။ အခုချိန်အထိ ပိုချက်တီနိုနဲ့ ပတ်သက်လို့ ချဲလ်ဆီးဘက်က တရားဝင်သတင်းထုတ်ပြန်ခြင်းမျိုးမရှိသေးပေမယ့် ဒီနည်းပြကသာ လာမယ့်ရာသီ ချဲလ်ဆီးနည်းပြသစ်ဖြစ်လာမယ်လို့ ခိုင်မာတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

ပိုချက်တီနိုဟာ လာမယ့်ဇွန်လကစတင်ကာ အသင်းကို တာဝန်ယူသွားမှာဖြစ်ပြီး သူနဲ့ လက်တွဲလေ့ရှိသူတွေကို နည်းပြအဖွဲ့ဝင်တွေအဖြစ် တစ်ပါတည်း ခေါ်ယူသွားမယ်လို့လည်း သိရှိရပါတယ်။ ဒါ့အပြင် အသင်းရဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေနဲ့ ပတ်သက်လို့လည်း မကြာခင်မှာ အသင်းနဲ့ ဆွေးနွေးသွားမယ်လို့ သိရှိရပါတယ်။

လက်ရှိအချိန်မှာတော့ အသင်းနည်းပြအဖြစ် ယာယီနည်းပြ ဖရန့်လမ်းပတ်က ရာသီကုန်အထိ အပြောင်းအလဲမရှိ တာဝန်ယူသွားဦးမှာဖြစ်ပါတယ်။ ပိုချက်တီနိုဟာ ချဲလ်ဆီးနည်းပြဖြစ်လာခဲ့ရင် အင်တာမီလန်ကို အငှားနဲ့ သွားရောက် ကစားနေတဲ့ တိုက်စစ်မှူးလူကာကူကို ပြန်လည် ခေါ်ယူထားမယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။

ပိုချက်တီနိုဟာ လူကာကူနဲ့ ဆွေးနွေးသွားမှာဖြစ်ပြီး ဒီကစားသမားရဲ့အနာဂတ် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ရှိနေဆဲလို့ လက်ခံထားပါတယ်။ ဒါ့အပြင် သူ ခေါ်ယူလိုတဲ့ ကစားသမားသစ်ထဲမှာ ဘိုင်ယန်မြူးနစ် တိုက်စစ်ကစားသမား မာနေး ပါဝင်နေကြောင်းလည်း သတင်းတွေက ဖော်ပြလျက်ရှိပါတယ်။ 

Share

Loading Next Article...
က္က