ရှုံးပွဲအပြီးမှာ ပြောကြားခဲ့တာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်က ဘုန်းမောက်ကို ရှုံးခဲ့တဲ့ပွဲအတွက် သူ့ကို အပြစ်တင်ရမှာဖြစ်ကြောင်း ဝန်ခံလိုက်ပါတယ်။ ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ ဘုန်းမောက်ကို သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။



ဒါဟာ ဒီရာသီ ယူနိုက်တက်တို့ ကစားပြီးခဲ့တဲ့ (၂၃) ပွဲမှာ (၁၁) ပွဲမြောက် ရှုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။ တန်ဟက်ခ်ရဲ့အသင်းဟာ ပြီးခဲ့တဲ့ကြားရက်မှာ ချဲလ်ဆီးကို ပုံစံကောင်းနဲ့ အနိုင်ယူခဲ့တဲ့ အသင်းပါ။
 
ဒါပေမယ့် ဒီရာသီမှာ အသင်းရဲ့ မတည်ငြိမ်တဲ့ ထုံးစံအတိုင်းပဲ အခုလိုမျိုး ဘုန်းမောက်ကို ရက်ပိုင်းအကြာမှာပဲ ခြေပြတ်ဂိုးပြတ် ပြန်ရှုံးခဲ့ရတာဖြစ်ပါတယ်။ ပွဲအပြီးမှာ တန်ဟက်ခ်က “ကျွန်တော်တို့အနေနဲ့ ပွဲတိုင်းအတွက် အမြဲတမ်း အဆင်သင့်ဖြစ်နေရမှာပါ။ အဲ့ဒါကြောင့် ဒီအတွက် တာဝန်ကို ကျွန်တော်ပဲ ယူရမှာပေါ့”
 
“ကျွန်တော်က အသင်းအတွက် လိုအပ်တာတွေ ပြင်ဆင်ပေးပြီး အဲ့ဒီတော့မှ ကစားသမားတွေက အဆင်သင့်ဖြစ်နေမှာပေါ့။ ကျွန်တော့်ဘက်က အမြင်ကတော့ ပွဲကို စတင်ခဲ့ပုံနဲ့ ပတ်သက်လို့ အရမ်း စိတ်ပျက်၊ ဒေါသထွက်မိပါတယ်။ မတူညီတဲ့ပုံစံတစ်ခုကို ကျွန်တော် မျှော်လင့်ခဲ့တာပါ”
 
“ပွဲမစခင်မှာ ကျွန်တော်တို့က ချဲလ်ဆီးနဲ့ပွဲက စွမ်းဆောင်ရည်နဲ့ ရလဒ်ကို အခြေခံပြီး အခြေခံပြီး ပွဲထွက်နိုင်ဖို့ မျှော်လင့်ခဲ့တာပါ။ ဒါကြောင့် အခုပွဲရလဒ်က အရမ်းကို စိတ်ပျက်ဖို့ ကောင်းပါတယ်။ ကျွန်တော်တို့က တကယ်ကို တည်ငြိမ်မှုမရှိတဲ့ အသင်းတစ်သင်းပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က