အူတာရာ ပြန်ချိုးပေးလိုက်တဲ့ဘောလုံးကို နေရာယူမှန်မှန်နဲ့ ရှင်းထုတ်ရမယ့်အစား နောက်မှာ ကျန်နေခဲ့တာ ဖြစ်ပါတယ်။

 လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်ဟာ ဘုန်းမောက်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးမှာ ဆိုးရွားတဲ့ ခံစစ်ကစားပုံကြောင့် ပြစ်တင်ကြိမ်းမောင်းခြင်းကို ခံခဲ့ရပါတယ်။

 

လီဗာပူးလ်ဟာ ဗီတာလီကွင်းမှာ တောက်ပတဲ့ ခြေစွမ်းနဲ့ စတင်နိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်ချက်စတာယူနိုက်တက်အသင်းကို ၇-၀ နဲ့ အပြတ်အသတ် ချေမှုန်းနိုင်ခဲ့တဲ့ခြေစွမ်းအတိုင်း ဆက်လက်ပြသနိုင်တော့မယ့်ပုံပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့အပတ်မှာ အာဆင်နယ်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဘုန်းမောက်အသင်းက အံ့အားသင့်ဖွယ် ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့တာဖြစ်ပြီး ဖိလစ် ဘီလ်လင်းက ဒန်ဂို အူတာရာ ပြန်ချိုးပေးခဲ့တဲ့ ဘောလုံးကို အမှားအယွင်းမရှိ ပိတ်သွင်းယူခဲ့ပြီးနောက် ၂ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

 

ဒါပေမယ့်လည်း ဘုန်းမောက်အသင်း တိုက်စစ်စတင်ချိန်မှာ ဗန်ဒိုက်ဟာ ကပျက်ကချော်ဖြစ်နေခဲ့ပြီး လူကျွံဘောဖမ်းဖို့ ကြိုးပမ်းခဲ့ပေမယ့် လွဲချော်ခဲ့ပြီး အူတာရာနဲ့ ရင်ဆိုင်ရာမှာလည်း မိုဟာမက် ဆာလားနဲ့ ရင်ဆိုင်တုန်းက လီဆန်ဒရို မာတီနက်ဇ်လဲပြိုခဲ့တဲ့အတိုင်းပဲ လဲကျခဲ့တာ ဖြစ်ပါတယ်။

 

ဗန်ဒိုက်ဟာ လဲကျသွားချိန်မှာ အထနှေးနေခဲ့ပြီး အူတာရာ ပြန်ချိုးပေးလိုက်တဲ့ဘောလုံးကို နေရာယူမှန်မှန်နဲ့ ရှင်းထုတ်ရမယ့်အစား နောက်မှာ ကျန်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒါက သာမန်အားဖြင့် တစ်ဦးချင်းမှာ အလွန်အားကောင်းလေ့ရှိတဲ့ ဗန်ဒိုက်ဆီကနေ မြင်တွေ့ရမယ်လို့ မျှော်မှန်းထားလို့မရနိုင်တဲ့အရာဖြစ်ပြီး အံ့အားသင့်စရာမကောင်းစွာနဲ့ပဲ ဒတ်ချ်နောက်ခံလူဟာ လူမှုကွန်ရက်ပေါ်က ပရိသတ်တွေရဲ့ ပြစ်တင်ကြိမ်းမောင်းမှုကို ခံခဲ့ရတာဖြစ်ပါတယ်။

 

ပရိသတ်တစ်ဦးက “မာတီနက်ဇ် ခြေချော်လဲလို့ လှောင်လို့ ကောင်းတုန်းက ဗန်ဒိုက်က ဒီလိုမျိုး လုပ်လိုက်တော့ ဘယ့်နှယ့်ရှိစ”လို့ လှောင်ပြောင်ခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ဒါက ဗန်ဒိုက်ဆီကနေ ခွင့်လွှတ်နိုင်စရာမရှိတဲ့ ခံစစ်ကစားပုံပဲ။ ဒန်ဂို အူတာရာနောက်ကို မလိုက်တာ လုံးဝ မကျေနပ်ဘူး။ သူ့အနေနဲ့ ဖြတ်တင်ပေးပို့မှုကို တားဆီးနိုင်ခဲ့ရမှာဖြစ်ပေမယ့် လုံးဝ လွှတ်ပေးလိုက်တယ်။ တော်တော်ဆိုးရွားတယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က