ဂွန်ဒိုဂန်က ပြီးခဲ့တဲ့နွေကမှ ဘာစီလိုနာကို ရောက်ရှိလာခဲ့တာပါ။

ဘာစီလိုနာ ကွင်းလယ်လူ ဂွန်ဒိုဂန်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အသင်းကို ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း အသင်းဘက်က ပြင်ပနေထိုင်မှုဘဝမှာ အကူအညီတစ်စုံတစ်ရာ မပေးခဲ့တာကြောင့် ပစ်ပယ်ထားသလို ခံစားခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ဘာစီလိုနာတာဝန်ရှိသူတွေက ကစားသမားကို တောင်းပန်ခဲ့ပြီးဖြစ်ပါတယ်။



ဂွန်ဒိုဂန်တို့အတွဲဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်ချက်စတာမြို့ကနေ ဘာစီလိုနာမြို့ကို ပြောင်းရွှေ့လာခဲ့ကြတာပါ။ ဂွန်ဒိုဂန်က နယ်မြေသစ်မှာ အထိုင်ကျဖို့ ရုန်းကန်ခဲ့ရပြီး အသင်းဘက်က ဘာအကူအညီမှ မပေးခဲ့တဲ့အပေါ်မှာလည်း တရားဝင် အသိပေး စောဒကတက်ခဲ့ပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ ဂွန်ဒိုဂန်ဟာ ဘာစီလိုနာမြို့ကို စတင်ရောက်ရှိလာချိန်မှာ အသင်းဘက်က နေအိမ်၊ သွားလာရေး၊ မိသားစုအပေါ် ဂရုစိုက်မှု အစရှိတာတွေနဲ့ ပတ်သက်လို့ ဂရုမစိုက်ခဲ့ကြောင်း အသိပေးခဲ့ပါတယ်။ ဘာစီလိုနာဟာ ဂွန်ဒိုဂန်ဟာ အပြောင်းအရွှေ့ရာသီ အစောပိုင်းကတည်းက ခေါ်ယူခဲ့တာပါ။

ဒါပေမယ့်လည်း ဒီကစားသမားကို ရာသီအဖွင့်ပွဲအဖြစ် ဂီတာဖေးနဲ့ ကစားမယ့်ပွဲမတိုင်ခင်မှသာ အသင်းရဲ့ တရားဝင်ကစားသမားအဖြစ် မှတ်ပုံတင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂွန်ဒိုဂန်ဟာ အသင်းနဲ့ ပတ်သက်လို့ နောက်ထပ်အချက်တစ်ချက်ကိုလည်း စိတ်ပျက်နေကြောင်း သတင်းထွက်ပေါ်နေပါတယ်။

ဘာစီလိုနာရဲ့ အရန်ကစားသမားတွေဟာ လေ့ကျင့်ရေးကွင်းကို ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားရောက်နိုင်ဖို့အတွက် ငွေကြေးလိုအပ်ချက်ရှိတာကြောင့် အခြားသောအလုပ်တွေကို ဝင်ရောက် လုပ်ကိုင်နေရပါတယ်။ ဒီအချက်က ဂွန်ဒိုဂန်လို ကစားသမားမျိုးအတွက် စိတ်ပျက်နေပြီး ဘာစီလိုနာကလည်း အရန်အသင်း၊ အကယ်ဒမီအသင်းတွေအပေါ် ပေးထားတဲ့ ထောက်ပံ့မှုတွေကို မကြာခင်ကမှ လျှော့ချထားခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က