ဘဏ်ကနေ ရွှေရောင်းချပေးဖို့ စီစဉ်တာဟာ လက်ရှိဖြစ်နေတဲ့ ရွှေဈေးနူန်းကို တည်ငြိမ်အောင်ထိန်းဖို့အတွက် ၊ ရွှေဈေးကွက်ကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ် ။

နိုင်ငံတကာမှာကျင့်သုံးနေသလို ရွှေကို ပြည်တွင်းက ဘဏ်တွေမှာပါ ဝယ်ယူနိုင်ဖို့အတွက် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEAက ရွှေဘဏ်နဲ့ စတင်ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။



 အဲ့ဒီလိုရောင်းချပေးနိုင်ဖို့အတွက် YGEA အသင်းက အခေါက်ရွှေ ၉၉.၉၉ ရာနှုန်းပြည့်ရွှေတွေကို ဘဏ်မှာအပ်ပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။

ဘဏ်ကနေရွှေဝယ်ယူမယ်ဆိုပါက ငွေသားလက်ငင်းဖြင့်သာ ဝယ်ယူရမှာဖြစ်ပြီး ယခင်ကဖွင့်လှစ်ထားတဲ့ ဘဏ်အကောင့်များဖြင့် လတ်တလောမှာ ဝယ်ယူလို့မရနိုင်သေးဘူးလို့ သိရပါ တယ်။

 "အကောင့်အဟောင်းတွေဝယ်လို့ မရပါဘူး။ စနစ်အသစ်က အကောင့်အသစ်နဲ့ သွားတာပါ။ ဒီတော့ cash ပေးချေရမယ့်သဘောပါ။ အကောင့်အသစ်ဖွင့်ရမယ်ပေါ့။ ရွှေဝယ်ပြီးရင် ရွှေသားရော ထုတ်ပေးလိုက်မယ်၊ ကတ်ရောထုတ်ပေးမယ်၊ အဲ့ကဒ်မှာကုတ်နံပါတ်တွေရိုက်ထားတယ်။ရွှေတုံးပေါ်မှာပါတဲ့ကုတ်ပေါ့။ ရွှေသားနဲ့ကတ်က အလေးချိန်နဲ့ ရွှေအရည်အသွေးကိုရေးထားတဲ့ကတ်ပဲ။ တွဲရက်သွားမှာပေါ့။ အဲဒီလိုမဟုတ်ဘဲ ဘဏ်မှာပဲ ရွှေကိုပြန်အပ်ထားခဲ့မယ်ဆိုရင်လည်းရတယ် " လို့YGEA ဥက္ကဋ္ဌဦးမျိုးမြင့်ကပြောပါတယ်။ 

ရွှေလိုချင်သူတွေကို ရွှေသားပေးလိုက်မယ်လို့ သိရပါတယ်။ ဘဏ်မှာ ရွှေကို ပြန်အပ်ခဲ့မယ်ဆိုရင်တော့‌ ဘဏ်အကောင့်တစ်ခုဖွင့်ရမှာဖြစ်ပြီး ဘဏ်က Gold Paper လို့ခေါ်တဲ့ အာမခံကတ်ပြား ထုတ်ပေးလိုက်မှာဖြစ်ပါတယ်။

ဓာတ်ပုံ -  YGEA

 YGEA အနေနဲ့ကတော့ ဘဏ်ကနေ ရွှေရောင်းချပေးဖို့ စီစဉ်တာဟာ လက်ရှိဖြစ်နေတဲ့ ရွှေဈေးနူန်းကို တည်ငြိမ်အောင်ထိန်းဖို့အတွက် ၊ ရွှေဈေးကွက်ကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ် ။

" ပထမတော့ ဘဏ်ထဲ ရှိပြီးသားငွေနဲ့ဝယ်ရမယ်ဆိုရင်တော့ မဆိုးဘူးပေါ့ ထင်မိတာ။ ခုတော့ ငွေသားချေရမယ်သိရတော့ ဘာပြောရမှန်းတောင်မသိဘူး။ ဘယ်သူမှမဝယ်ဘူး။ အပ်ထားတဲ့ပိုက်ဆံတောင်ထုတ်မရလို့ ဒုက္ခရောက်နေတာ အားလုံးသိနေတာ " လို့ ပြည်သူတစ်ဦးကပြောပါတယ်။

 နိုင်ငံတကာမှာလည်း ဘဏ်တွေက ရှိတဲ့ငွေ ရဲ့ ၄၀ ရာခိုင်နှုန်းကိုရွှေဝယ်ပြီးရောင်းပေးကြောင်း ၊ မြန်မာနိုင်ငံမှာလည်း ဘဏ်တွေကသာ ရွှေကိုရောင်းချပေးမယ်ဆိုရင် ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်ပြီး အတက်အကျမြန်တဲ့အပေါ် ထိန်းနိုင်မယ်လို့ ဦးမျိုးမြင့်ဆိုပါ တယ်။

လက်ရှိမှာတော့ ဒေါ်လာဈေးက တစ်ဒေါ်လာကို ၂၀၀၀ အထက်မှာရှိနေပြီး ပြည်တွင်းရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁,၈၆၀,၀၀၀ အထက်မှာရှိနေပါတယ်။

ရွှေဈေးတည်ငြိမ်အောင် YGEA အသင်းကတော့ နေ့တိုင်း တစ်နေ့ကို ရွှေပိသာချိန် ၂၀ ကနေ ၅၀ ကြားကိုလည်းရောင်းချပေးနေတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က